#World_Health
Published 10 October 2022

 

အော်တစ်ဇင်ရှိတဲ့သူတွေရဲ့ ဆဲလ်တွေကနေ ဦးနှောက်ကဲ့သို့ အော်ဂဲနွိုက်များထွက်ပေါ်လာခြင်းက ဦးနှောက်ထဲမှာ အလွန်လှုပ်ရှားမှုပြင်းထန်တဲ့ အာရုံကြောများဖြစ်ပေါ်စေပြီး ဦးနှောက်ချို့ယွင်းမှု ဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။

 

အော်ဂဲနွိုက်ဆိုတာက အင်္ဂါတစ်ခုကဲ့သို့ ဆဲလ်အတုများထွက်ပေါ်လာတာဖြစ်ပြီး ဦးနှောက်အစိတ်အပိုင်းတစ်ခုနဲ့ ဆင်တူပါတယ်။
အူတာကျန်းမာရေးတက္ကသိုလ်မှ သုတေသီများက ဒီအစိတ်အပိုင်းကို အနီးကပ်လေ့လာနေကြဆဲဖြစ်ပါတယ်။

 

အော်တစ်ဇင်ဖြစ်တဲ့လူတွေရဲ့ ပင်မစတမ်းဆဲလ်တွေကို ဓာတ်ခွဲခန်းမှာစမ်းသပ်ကြည့်ရာ အစေ့အရွယ်အစားကဲ့သို့ ဦးနှောက်တွေ ဖြစ်ပေါ်လာကာ ဒီလိုလူတွေမှာ အာရုံကြောမျှင်လေးတွေက ဘယ်လိုမျိုးကွဲပြားသွားလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

 

အော်ဂဲနွိုက်များရရှိရန် ဦးနှောက်များ ပုံမှန်အတိုင်းဖွံ့ဖြိုးပုံနဲ့ လူသားပင်မစတမ်းဆဲလ်များအတိုင်း လေ့လာခဲ့ကြပါတယ်။
ဆဲလ်တွေက လတွေကြာတဲ့အခါ သူ့ဘာသာဖွံ့ဖြိုးလာကြကာ အရွယ်အစားကြီးမားလာကြပြီး သန္ဓေသားလောင်းရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတိုင်း ဖြစ်ပေါ်လာပါတယ်။

 

၅ လလောက်အကြာမှာတော့ အော်ဂဲနွိုက်တွေက လူသားဦးနှောက်ကဲ့သို့ ပုံသဏ္ဍာန်ပြောင်းလဲလာကြောင်း အူတာကျန်းမာရေးတက္ကသိုလ်မှ ဇီဝအာရုံကြောတွဲဖက်ပရော်ဖက်ဆာ'အဲလက်စ်ရှချီဂလိုဗီတော့ဗ်'က ပြောပြခဲ့ပါတယ်။
ဒီတည်ဆောက်ပုံတွေက ဦးနှောက်အပြင်ဆုံးအလွှာမှာတွေ့ရတဲ့ အာရုံကြောများနဲ့ အခြားဆဲလ်အမျိုးအစားများအတိုင်း ပါဝင်ပါတယ်။

 

ထိုအစိတ်အပိုင်းဟာ ပြောဆိုနားလည်နိုင်စွမ်း၊ စိတ်ခံစားချက်၊ ကျိုးကြောင်းဆီလျော်မှု၊ အခြားအဆင့်မြင့်စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တွေနဲ့ ဆက်စပ်နေပါတယ်။
ထိုကဲ့သို့အော်ဂဲနွိုက်တွေက တိရိစ္ဆာန်တွေမှာ တဖြည်းဖြည်းဝင်ရောက်လာနိုင်ပြီး အာရုံကြောချို့ယွင်းမှုများဖြစ်ပေါ်ကာ Planet of the Apes ဇာတ်ကားထဲကလို ဖြစ်လာမှာကို အချို့သုတေသီများ စိုးရိမ်နေကြပါတယ်။

 

ဦးနှောက်အော်ဂဲနွိုက်ရှိသူတွေမှာ ကျင့်ဝတ်ပြဿနာတွေ ဖြစ်လာနိုင်တဲ့အကြောင်း ကျိုတိုတက္ကသိုလ်အဖွဲ့က သတိပေးလိုက်ပါတယ်။
ဒါဟာ အရမ်းကြီး ရှေ့ရောက်နေသလိုဖြစ်ပေမယ့် အော်ဂဲနစ်တွေက လူသားတွေမှာ ပြဿနာဖြစ်လာနိုင်တဲ့အကြောင်းကို အသိပေးချင်ကြတာဖြစ်ပါတယ်။

 

အော်ဂဲနွိုက်တွေကို ၂၀၀၈ ခုနှစ်တုန်းက စတင်ဖန်တီးခဲ့ကာ လူသားတွေဆီမှ ပင်မစတမ်းဆဲလ်ကဲ့သို့ 3D ပုံစံဦးနှောက်တစ်ရှူးများဖြစ်ပါတယ်။
တိရိစ္ဆာန်တွေထဲမှာ လူသားဦးနှောက်ထည့်သွင်းကာ ဖွံ့ဖြိုးလာစေခြင်းက သိပ်ပြီးပြဿနာမဟုတ်ပေမယ့် ဒီနည်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းပြဿနာများကို ကုသနိုင်အောင် ကူညီပေးပါတယ်။

 

အော်ဂဲနွိုက်များဖြင့် သိပ္ပံပညာရှင်များက လူသားဦးနှောက်အကြောင်း ပိုမိုသိရှိလာရသလို ချို့ယွင်းမှုများ ဖြစ်ပေါ်လာပုံကိုလည်း သိရှိစေနိုင်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group