Published 1 August 2022

နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC (အိုင်စီစီ)ကို ဖိလစ်ပိုင်အနေနှင့် ပြန်ဆက်သွယ်ဖို့ အစီအစဉ် မရှိဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျုနီယာက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။  ကြောက်မက်ဖွယ် မူးယစ်စစ်ပွဲအတွက် သမ္မတဟောင်းအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုကို တရားလိုရှေ့နေတွေက ပြန်လည်စတင်ဖို့ ကြံဆနေကြချိန်မှာ သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာဖြစ်ပါတယ်။

“ ဖိလစ်ပိုင်အနေနှင့် အိုင်စီစီကို ပြန်ဆက်သွယ်ဖို့ ရည်ရွယ်ချက်မရှိဘူး” လို့  စုံစမ်းစစ်ဆေးမှုတွေကို သူပူးပေါင်းမှာ မဟုတ်တဲ့အကြောင်း ယခင်ကတည်းက အရိပ်အယောင်ပြပြောဆိုခဲ့ဖူးတဲ့ သမ္မတမားကို့စ်ဂျူနီယာ က သတင်းထောက်တွေကို ပြောခဲ့တာပါ။

Source AFP

#Philippines_ICC_Probe

#Drug_War_Philippines

#Ferdinand_Marcos_Jr