#World_Politics
Published 1 August 2022

 

အမေရိကန်အောက် လွှတ်တော်ဥက္ကဌ'နန်စ်ပယ်လိုစီ'ဟာ တနင်္ဂနွေနေ့မှာ အာရှ ၄ နိုင်ငံခရီးစဉ်ကို စတင်ထွက်ခွာခဲ့ကြောင်း အောက် လွှတ်တော်ရုံးက ကြေညာခဲ့ပါတယ်။

 

ထိုခရီးစဉ်အတွင်း အစကသွားရောက်လည်ပတ်မယ်လို့ အသံထွက်ခဲ့တဲ့ထိုင်ဝမ်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။

 

တရုတ်တို့က ယင်းတို့ပိုင်ဆိုင်ကြောင်း အဆိုပြုထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ကို 'ပယ်လိုစီ'သွားရောက်လည်ပတ်မယ့် သတင်းတွေနဲ့ပတ်သက်ပြီး အလေးပေးစောင့်ကြည့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

ဥက္ကဌ'နန်စီပယ်လိုစီ'ဦးဆောင်တဲ့ ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်အဖွဲက စင်္ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်အပါအဝင် အင်ဒိုပစိဖိတ်ဒေသသို့ သွားရောက်နေကြောင်း ဖော်ပြခဲ့ပါတယ်။

 

သမ္မတရာထူးဆက်ခံခွင့်မှာ တတိယမြောက်နေရာမှာရှိနေတဲ့'ပယ်လိုစီ'ဟာ အဆိုပါနိုင်ငံတွေထံ သွားရောက်လည်ပတ်ဖို့ဖော်ပြထားပေမယ့် အခြားနိုင်ငံတွေကို ဝင်ဦးမှာလားဆိုတာကိုတော့ မဖော်ပြထားပါဘူး။

 

အဆိုပါ ခရီးစဉ်ဟာ အင်ဒိုပစိဖိတ်ဒေသအတွင်း အပြန်အလှန်လုံခြုံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒီမိုကရက်တစ်စိုးမိုးအုပ်ချုပ်ရေးတို့ကို အလေးပေးသွားမှာ ဖြစ်ပါတယ်။

 

ကိုယ်စားလှယ်အဖွဲ့ထဲမှာ အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဌ'ဂရီဂေါ်ရီမိခ်စ်'လည်း ပါဝင်ပါတယ်။

 

'ပယ်လိုစီ'က စင်္ကာပူသို့ တနင်္လာနေ့မှာရောက်ရှိမှာဖြစ်ပြီး ၂ ရက်နေထိုင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အတိုင်း CNA ရုပ်သံက တင်ပြခဲ့ပါတယ်။

 

တနင်္လာနေ့မွန်းလွဲအချိန်မှာ စင်္ကာပူရှိ အမေရိကန်ကုန်သည်ကြီးများအသင်းက ဧည့်ခံပွဲဖြင့်ကြိုဆိုသွားမယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

အမေရိကန်အရာရှိများ ထိုင်ဝမ်သို့လည်ပတ်ခြင်းဟာ ထိုင်ဝမ်ကျွန်းနိုင်ငံရဲ့လွတ်လပ်ရေးလိုလားခွင့်ကို အားပေးအားမြှောက်ပြုရာ ကျတယ်လို့ တရုတ်တို့က ယူဆထားပါတယ်။

 

အမေရိကန်က ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံရေး မရှိပေမယ့် ကိုယ်ပိုင်ကာကွယ်ရေးအတွက် ဥပဒေအရထောက်ပံ့ ကူညီခွင့်ရှိနေပါတယ်။

 

ဒါကြောင့် 'ပယ်လိုစီ'လည်ပတ်မယ့်ခရီးစဉ်က ထိုင်ဝမ်အပေါ် အမေရိကန်တိုရဲ့ ထောက်ပံ့ကူညီမှုကို ပြသနေရာရောက်ပါတယ်။

 

ရီပတ်ဘလစ်ကန်ခေါင်းဆောင်ဖြစ်ခဲ့တဲ့'နယူ့ဂင်ဂရစ်ချ်'က ၁၉၉၇ ခုနှစ်မှာ ထိုင်ဝမ်ကျွန်းကို နောက်ဆုံးသွားရောက်ခဲ့တဲ့ အောက်လွှတ်တော်ဥက္ကဌဖြစ်ပါတယ်။

 

အမေရိကန်အနေနဲ့ တရုတ်တို့ရဲ့တစ်သွေးတစ်မိန့်စည်းမျဉ်းအား လိုက်နာသင့်ပြီး တရုတ်တို့ကို စပြီးပြဿနာရှာသူတွေအနေနဲ့ အရေးယူခံရမယ်လို့ တရုတ်သမ္မတ'ရှီကျင့်ဖင်'က အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'ကို သတိပေးထားပါတယ်။

 

'ဘိုင်ဒန်'ကလည်း ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒပေါ်လစီဟာ ပြောင်းလဲခြင်းမရှိဘဲ ထိုင်ဝမ်ကျွန်းရဲ့တည်ငြိမ်အေးချမ်းမှုကို ပြုပြင်ပြောင်းလဲဖို့ တဖက်သတ်ကြံစည်နေခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း 'ရှီ'ကို တုံ့ပြန်သတိပေးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း 'ရှီ'နဲ့'ဘိုင်ဒန်'တို့ ဖုန်းဖြင့်ဆွေးနွေးပြောဆိုပြီးနောက် ထိုင်ဝမ်တို့က အမေရိကန်နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုပြီးအလေးအနက်ထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာ့နေမှာ ကြေညာခဲ့ပါတယ်။

Source: Reuters
#Yangon_Media_Group