Published 24 June 2022

စင်္ကာပူမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဇွန်၂၄ ရက်သောကြာနေ့ကစပြီး သူတို့ရဲ့အဆောင်တွေကနေ ထွက်ခွာဖို့ အရင်လို အထူးခွင့်ပြုချက်တောင်းခံဖို့ မလိုတော့ဘူးလို့သိရပါတယ်။

(၂)နှစ်ကြာ ကိုရိုနာဗိုင်းရပ်စ် အထိန်းအချုပ်တွေပြုလုပ်ပြီးနောက် အစိုးရက ယခုလိုဖြေလျော့ပေးလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် အချို့သော ခွဲခြားဆက်ဆံတဲ့ ကန့်သတ်မှုတွေ ဆက်ရှိနေတာကိုတော့ လှုပ်ရှားဆောင်ရွက်နေသူတွေက ဝေဖန်နေကြပါတယ်။

စင်္ကာပူမှာ အားလုံးကို ကန့်သတ်မှုတွေ ရုပ်သိမ်းလိုက်တဲ့အခါ အဲဒီရွှေ့ပြောင်းအလုပ်သမားတွေဟာ စိတ်သောကတွေရောက်ခဲ့ကြရတာကို လူတော်တော်များများက မမြင်မတွေ့ကြဘူး။ ဥမင်အဆုံးက အလင်းရောင်ကို သူတို့ မမြင်ကြရဘူး။ သူတို့အတွက် အင်မတန်သောကရောက်စရာ စိတ်ပူစရာတွေပါ။ ခုတော့ ဒါတွေ အဆုံးသတ်ခဲ့ပြီမို့ အခြေအနေတွေတိုးတက်လာမယ်လို့ ကျွန်မမျှော်လင့်ပါတယ်လို့ ရွှေ့ပြောင်းစီးပွားရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းက လူမှုဝန်ထမ်းမန်နေဂျာတစ်ဦးဖြစ်တဲ့ ဒီဆိုင်ရီလျောင်းက ပြောပါတယ်။

အခုလို (၂)နှစ်လောက်လုပ်ထားတဲ့ ကန့်သတ်မှုတွေရုပ်သိမ်းလိုက်တာကို သူမကကြိုဆိုတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဆက်ရှိနေသေးတဲ့ကန့်သတ်မှုတွေဟာ အဆင့်အတန်းခွဲခြားမှုတွေလိုဖြစ်နေတယ်လို့ သူမကဆိုပါတယ်။

သတ်မှတ်ထားတဲ့နေရာအလို်က ကန့်သတ်မှုမရှိတော့ပေမယ့် ပွဲတွေအခမ်းအနားတွေအခြေခံတဲ့ ကန်သတ်မှုတွေ ဆက်ရှိနေနိုင်တယ်။ ကျွန်မတို့အတွက်တော့ သွားလာရတာ ဘာအကန့်အသတ်မှမရှိတော့ဘူး.. ကျွန်မတိုသွားလာမှုတွေ ခြေရာခံတာမရှိတော့ပေမယ့် သူတို့အတွက် ဘာဖြစ်လို့ရှိနေရသေးလဲလို့ သူမကဝေဖန်ပြောကြားလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ နိုင်ငံရပ်ခြားရွှေ့ပြောင်းအလုပ်သမား (၃)သိန်းခန့်ရှိပြီး အများစုဟာ တောင်အာရှက ဖြစ်ကြပါတယ်။ချမ်းသာကြွယ်ဝတဲ့ မြို့ပြနိုင်ငံမှာ သူတို့ဟာ အိပ်ဆောင်ကလေးတွေမှာသာ နေထိုင်ကြရပြီး အခြားသူတွေနှင့်ကြပ်ကြပ်တည်းတည်း တွဲပြီးအတူ နံရံကပ်ကုတင်တွေမှာ အိပ်စက်နေကြရပါတယ်။

Source AFP

#Singapore_Migrant_workers

#Singapore_Covid_rules_relax

#Singapore_Covid_economy