Published 3 Feb 2023

အင်အားကြီးနိုင်ငံတွေအနေနှင့်  သူတို့ရဲ့ ပြိုင်ဆိုင်မှုတွေအတွက် အာဆီယံကို ကြားခံကိုယ်စားလှယ်အဖြစ် အသုံးမချကြဖို့  နှစ်ရက်ကြာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပထမနေ့မှာ အင်ဒိုနီးရှားက ပြောလိုက်ပါတယ်။ မြန်မာ့အကျပ်အတည်းအပေါ် ညီညွတ်ကြဖို့နှင့်တိုးတက်မှုရှိကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အာဆီယံရဲ့ ၂၀၂၃ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားက အလှည့်ကျတာဝန်ယူတာဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာတော့ အာဆီယံ ခေါင်းဆောင်တွေအစည်းအဝေးကျင်းပဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးကို ပုံမှန်အားဖြင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ တက်ရောက်ကြပါတယ်။

Source AFP

#ASEAN

#ASEAN_FMs_Meeting_Jakarta

#ASEAN_Indonesia