#LocalNews
Published_ 20 March 2023

 

ထိုင်းနိုင်ငံ၊ချွန်ဘုရီခရိုင်၊တမ်ဗွန်ဟွေးကပီမြို့နယ်တွင် မြန်မာနိုင်ငံသားဇနီးမောင်နှံစကားများရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူက ဇနီးဦးခေါင်းကို တူနှင့်ထုသတ်၍ ထွက်ပြေးလျက်ရှိရာ ယင်းကို မတ်လ ၁၈ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က တံဗွန်နောင်ခမ် စီရာဇာ(သီရိရာဇာ) မြို့ ချွန်ဘုရီခရိုင်အတွင်း ဖမ်းမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၃၆ နှစ်အရွယ် မသီတာ ဖြစ်ကြောင်း၊ တူဖြင့် ထုခဲ့သည့် ခင်ပွန်းဖြစ်သူမှာ အသက် ၄၂ နှစ်အရွယ် နေထွန်း ဆိုသူဖြစ်ကြောင်း သိရသည်။

 

ဇနီးဦးခေါင်းကို တူနှင့်ထုသတ်ခဲ့သူမှာ အရက်အမြဲသောက်သူ ဖြစ်ကြောင်း၊အခင်းဖြစ်သည့်နေ့ကလည်း ယင်းဇနီးမောင်နှံနေထိုင်သည့် ဆောက်လုပ်ရေးတန်းလျားအနီး သောက်သုံးပြီးသား ဘီယာဗူးခွံ ၄ လုံး တွေ့ရှိရကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group