#LocalNews
Published_ 21 March 2023

ထိုင်းနိုင်ငံ၊အယုဒ္ဓယခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အိမ်သာအတွင်း ခလေးမွေးဖွားမှု မတ်လ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ဗိုက်အောင့်ရာမှ အိမ်သာခန်းတွင်းသွားရောက်စဉ် အရေးပေါ်ကလေးမွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း၊မွေးလာသည့် ကလေးမှာ မိန်းခလေးဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်းရွေ့ပြောင်းမြန်မာလုပ်သားများအရေး ကူညီနေသူများထံမှ သိရသည်။

အဆိုပါ ကလေးမွေးဖွားမှုမှာ ညပိုင်းဖြစ်သောကြောင့်အယုဒ္ဓယလူမှုကယ်ဆယ်ရေးသူနာပြုဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း၊ ၎င်း၏ကိုယ်ဝန်သက်တမ်း ၆ လသာ ရှိသေးသည်ဟုဆိုသော်လည်း ကလေးငယ်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားနေကြောင်း၊ယခုအခါ အဆိုပါ အမျိုးသမီးအား အယုဒ္ဓယဆေးရုံတွင် ထားရှိကာ စောင့်ရှောက်ပေးထားပြီး ကလေးရော မိခင်ပါ ကျမ်းမာကြောင်း သိရသည်။

Photo- Thaitv2 သတင်း
ymg/mt
#Yangon_Media_Group