#local_news
Published_ 24 Feb 2022
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ ၁၂ ခုတွင် လုပ်ငန်းပေါင်း ၄၄ ခု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ ဒသမ ၀၁၅ သန်း ခွင့်ပြုပေးခဲ့ကြောင်း နစကရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပမီဒီယာများရဲ့မေးမြန်းမှုမှာ ဖြေကြားထားပါတယ်။
ယင်းတို့အနက် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၀၆၂ ဒသမ ၁၃၈ သန်းဖြင့် ပထမ၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၃၇ ဒသမ ၅၆၄ သန်းဖြင့် ဒုတိယ၊ စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁၉၉ ဒသမ ၈၉၄ သန်းဖြင့် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
နိုင်ငံအလိုက်အနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေ ရိကန်ဒေါ်လာ ၂၅၀၄ ဒသမ ၄၃၅ သန်းဖြင့်အများဆုံးဖြစ်ပြီး၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၆ ဒသမ ၄၂၉ သန်းဖြင့် ဒုတိယ၊ စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၂ ဒသမ ၂၀၂ သန်းဖြင့် တတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှစ၍ ပြန်ဝင်လာခဲ့ကြသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့် Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight များဆောင်ရွက်ပေးခဲ့သည့် ကုမ္ပဏီပေါင်း ၃၂၀၀ ကျော်ရှိကာ နိုင်ငံခြားသားအရေ အတွက်အားဖြင့် ၉၀၁၀ ရှိပြီး၊ ပြည်ပနိုင်ငံကြီးများ၏ ဖိအားပေးမှုကြောင့် ထွက်ခွာသွားသည့် ကုမ္ပဏီကြီးများရှိသကဲ့သို့ အသစ်ဝင်လာသည့် ကုမ္ပဏီများလည်း ရှိတယ်လို ပြည်ထောင်စုဝန်ကြီးက သတင်းထောက်ကို ဖြေကြားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 556
#LocalNews
Published - 24 Feb 2022
- Category: Myanmar
- Hits: 395
Published 23 February 2022
ဂျပန်နိုင်ငံမှာ ဆန်တွေပိုလျှံနေတဲ့အတွက် အစားအစာထုတ်လုပ်သူတွေဟာ ဆန်အခြေခံထုတ်ကုန်အမယ်သစ်တွေ တိုးချဲ့ထုတ်လုပ်နေကြပါတယ်။
အိုဆာကာမြို့မှာ ဆန်ဆိုင်အသစ်တစ်ဆိုင်ဖွင့်လှစ်လိုက်ပြီး အဲဒီဆိုင်မှာ ဆန်ခရက်ကာ၊ ဆန်ညိုခေါက်ဆွဲ၊အသင့်စားဆန်စားသောက်ကုန်နှင့် အခြားသော ဆန်ကနေပြုလုပ်တဲ့ စားသောက်ကုန်တွေကို ဆိုင်တင်ရောင်းချနေရာ အဲဒီစားသောက်ကုန်အသစ်တွေက လူငယ်လူရွယ်တွေရဲ့ အာရုံကို ဆွဲဆောင်နေပါတယ်။
Source CMG
- Category: World
- Hits: 548
Published 23 February 2022
စားအုန်းဆီအဓိကထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှာနိုင်ငံဟာ စာအုန်းဆီရှားပါးလာနေတာကြောင့် ပြည်တွင်းမှာ စားသုံးဆီဝရောင်းချဝယ်ယူကြရာတွင် ကန့်သတ်တဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ရပါတယ်။
စားအုံးဆီထုတ်လုပ်မှုထဲက သတ်မှတ်ရာခိုင်နှုန်းအချို့ကို ပြည်တွင်းမှာရောင်းဖို့နှင့် ဈေးနှုန်းကိုလည်း စာအုံးဆီကြမ်းတစ်ကီလိုကို ၉၃၀၀ရူပီးနှင့် အိုလီယန်ဆီကို ၁၀၃၀၀ ရူပီနှင့်ရောင်းဖို့ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
စားအုံးဆီရှားပါးရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုကတော့ စားအုံးဆီထုတ်လုပ်မှုဟာ လေးနှစ်ဆက်တိုက် ကျဆင်းနေခဲ့ရတာကြောင့် ရောင်းနိုင်တဲ့အားဟာ မလောက်မငဖြစ်ခဲ့ရတာပါ။
Source CCTV
- Category: World
- Hits: 614
Published_ 22 Feb 2022
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ယခင်ကမှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုးဆက်လက်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီး ဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးနဲ့ ပြန်လည်မှတ်ပုံတင်ပေးမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရှေးဟောင်း Classic မော်တော်ယာဉ်များကို တန်ဖိုးထား ထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် ကညန ကဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
မှတ်ပုံတင်ဆောင်ရွက်ရာမှာ မူလမှတ်ပုံတင်ထားရှိခဲ့တဲ့ ယာဉ်များကိုပဲ ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးမှာ ဖြစ်ပြီး၊ ယာဉ်အမှတ်ကို ရောက်ရှိယာဉ်အမှတ် အသစ်ဖြင့် သတ်မှတ်ပေးမှာဖြစ်ပါတယ်။ အရင်က မှတ်ပုံတင်ထားခြင်းမရှိတဲ့ ရှေးဟောင်း ယာဉ်များကို မှတ်ပုံတင်ပေးမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ
တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ ကညန ရုံးများမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂၅ ရက်နေ့အထိ ဆက်သွယ်ဆောင်ရွက်နိုင်ပြီး၊ အသေးစိတ်အချက်အလက်များကို www.motc.gov.mm နှင့် www.myanmarrtad.com တို့မှာ ဝင်ရောက်ကြည့်ရှုနိုင် ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ymg-mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 1019
Published 22 February 2022
ဒေါ်နယ်ထရမ့်ရဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းအသစ်ဖြစ်တဲ့ Truth Social ဟာ
တနင်္ဂနွေနေ့နှောင်းပိုင်းကစပြီး ဖြည်းဖြည်းချင်းစတင်အသုံးပြုလို့ရနေပါပြီ။ မတ်လကုန်ပိုင်းလောက်မှာ အဲဒီအပလီကေးရှင်းကို အပြည့်အဝလည်ပတ်နိုင်မယ်လို့ ဆိုပါတယ်။
ဆီလီကွန်တောင်ကြားက လူနည်းစုမင်းမူနေတဲ့ နည်းပညာကုမ္ပဏီတွေက သူတို့လူတွေကို ဘယ်လိုတွေးစေချင်တယ် လို့ပြောပြီး ဘယ်သူကတော့ သုံးနိုင်တယ် ဘယ်သူကတော့ မသုံးနိုင်ဘူးလို့ ဆုံးဖြတ်နေတာတွေနှင့်မတူဘဲ
သူတို့ရဲ့ Truth Social က ဆန့်ကျင်ဖက်ဖြစ်လိမ့်မယ်လို့ နူနက်ကပြောပါတယ်။
Source AFP
- Category: World
- Hits: 648
Published 21 February 2022
ယူကရိန်းအရေးကိစ္စ တင်းမာမှုတွေ အရှိန်တက်နေတာကြောင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေမှာ လူသုံးကုန်ပစ္စည်းတွေနှင့် စတော့ဈေးကွက်တွေအပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက CGTN သတင်းဌာနကို မကြာသေးခင်က ပြောပါတယ်။
ဂျုံကစလို့ လောင်စာဆီဈေးနှုန်းတွေအထိ ပြီးတော့ အချို့သော စတော့ဈေးတွေဟာ ထိခိုက်မှုတွေရှိလာနေတယ်လို့ တရုတ်နိုင်င်ငံ ဟန်ဆင်းဘဏ်ရဲ့ စီးပွားရေးပညာရှင်ချုပ် ဝမ်ဒန်း ပြောပါတယ်။
Source CGTN
- Category: World
- Hits: 501