Published 07 May 2024

ကိုဗစ်-၁၉ မျိုးဗီဇကွဲအသစ်ဖြစ်တဲ့ FLiRT အမျိုးအစားဟာ အမေရိကန်မှာ ပျံ့နှံ့နေပါတယ်။

ယင်းတို့ဟာ အိုမီခရွန်မျိုးဗီဇကွဲရဲ့ မျိုးနွယ်ဖြစ်သလို JN.1 ရဲ့မျိုးဆက်လည်း ဖြစ်ပါတယ်။

ယခုမျိုးဗီဇကွဲထဲမှာမှ KP.2 က အလွန်စိုးရိမ်စရာ ဖြစ်လာပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး (CDC)ရဲ့ အချက်အလက်များအရ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ကူးစက်မှုအသစ်တွေထဲမှာ KP.2 က ၂၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။

FLiRT မျိုးဗီဇကွဲတွေနဲ့ ပတ်သက်ပြီး သုတေသီများ ထပ်မံလေ့လာနေဆဲ ဖြစ်ပါတယ်။

လက်ရှိ အမေရိကန်မှာ KP.2 က ပျံ့နှံ့နေပေမယ့် နောက်လတွေမှာလည်း အဓိကကူးစက်မှုကြီး ဖြစ်လာမလားဆိုတာတော့ ပြောလို့မရသေးပါဘူး။

KP.2 နဲ့ဆက်စပ်မျိုးဗီဇကွဲတွေက ကူးစက်မှုလှိုင်းကြီးတွေလောက်တော့ မဖြစ်နိုင်ပါဘူး။

ကိုဗစ်ကြောင့် ဆေးရုံတက်ကုသရမှုနဲ့ အသက်ဆုံးပါးခြင်းတို့ကို ကာကွယ်ဆေးတွေက ကာကွယ်နိုင်ဆဲ ဆိုပေမယ့် အကြိုလေ့လာချက်များအရ FLiRT မျိုးဗီဇကွဲတွေဟာ ကာကွယ်ဆေးရဲ့ အာနိသင်ကို ပိုမိုရှောင်ရှားနိုင်ဖွယ် ရှိနေပါတယ်။

ဗိုင်းရပ်စ်က ဘယ်လိုပဲ ဗီဇပြောင်းပြောင်း ပြည်သူ့ကျန်းမာရေး လမ်းညွှန်ချက်တွေကတော့ ယခင်အတိုင်း ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
Source: WION
#World_Health
#Published_07 May 2024
#Yangon_Times #YMG_News #Yangon_Media_Group