#World_Science
Published 08 August 2025
▪️ သက်ကြီးရွယ်အိုတွေ နှစ်နဲ့ကြာအောင် ဂီတတီးခတ်ပါက ဆူညံတဲ့ဝန်းကျင်မှာ ပြောစကားတွေကို နားလည်နိုင်စွမ်း ဆက်လက်ရှိနေနိုင်အောင် ကူညီနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်တစ်ခုမှာ အကြံပြုထားပါတယ်။
▪️ လူတွေ အသက်ကြီးလာတာနဲ့အမျှ အာရုံခံနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တို့ တဖြည်းဖြည်း ကျဆင်းလာပါတယ်။
▪️ တေးဂီတသင်ယူခြင်း၊ ပညာရေးအဆင့်အတန်း မြင့်မားခြင်း၊ ဘာသာစကားတစ်ခုနဲ့အထက် ပြောတတ်ခြင်း စတဲ့အလေ့အကျင့်တွေက ဦးနှောက်သိမြင်နိုင်စွမ်းနဲ့ ထိန်းသိမ်းမှုတို့ကို ကူညီပေးပါတယ်။
▪️ ဦးနှောက်ထဲ ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားသူတွေက အသက်ကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပိုမိုစွမ်းဆောင်နိုင်စေပါတယ်။
▪️ ဦးနှောက်ထဲ ချိတ်ဆက်လုပ်ဆောင်မှုတွေက သိမြင်နိုင်စွမ်း ကျဆင်းလာခြင်းကို ကာမိစေပြီး ဂီတလေ့ကျင့်သင်ကြားမှုက ထိန်းသိမ်းမှုများကို မြှင့်တင်ပေးနိုင်ပါတယ်။
▪️ သုတေသီတွေက ဆူညံတဲ့ဝန်းကျင်အတွင်း စကားပြောဆိုခိုင်းတဲ့ စမ်းသပ်ချက်ဖြင့် အသက်ကြီးတဲ့ ဂီတပညာရှင်တွေ၊ ဂီတပညာရှင် မဟုတ်သူတွေ၊ ငယ်ရွယ်ပြီး ဂီတပညာရှင်မဟုတ်သူတွေရဲ့ ဦးနှောက်လှုပ်ရှားမှုကို လေ့လာခဲ့ကြပါတယ်။
▪️ အသက်ကြီးတဲ့ ဂီတသမားတွေမှာ ငယ်ရွယ်တဲ့ ဦးနှောက်အတွင်း ချိတ်ဆက်မှုပုံစံတွေ တွေ့ရပါတယ်။
▪️ ဂီတလေ့ကျင့်မှုတွေက အာရုံကြောကွန်ရက် စုစည်းမှုကိုထိန်းသိမ်းပြီး အသက်အရွယ်ကြောင့် သိမြင်နိုင်စွမ်း ကျဆင်းလာခြင်းကို လျှော့စေတယ်လို့ ယူဆထားပါတယ်။
Source: SciTechDaily
တောင်ကိုရီးယားမှာ အပူချိန်မြင့်မားခြင်း၊ မိုးလေမုန်တိုင်းတိုက်ခြင်းစတဲ့ ရာသီဥတုအခြေအနေများကြောင့် စိုက်ပျိုးရေးထွက်ကုန်အချို ဈေးနှုန်းသိသိသာသာ မြင့်တက်သွားပြီး အချိုထွက်ကုန်တွေဆိုရင် ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။
#Asia_Industry
Published 07 August 2025
#တောင်ကိုရီးယား #အစွန်းရောက်ရာသီဥတု
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 August 2025
▪️ ဘရာဇီးလ်သမ္မတ လူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေးလ်ဗားက ဗုဒ္ဓဟူးနေ့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးရာမှာ ယိုယွင်းနေတဲ့ကမ္ဘာကြီးမှာ နိုင်ငံပေါင်းစုံပေါင်းဝင်ရေးအတွက် သူ့ကိုယ်သူ ဦးဆောင်လမ်းပြအနေနဲ့ ဖော်ပြသွားပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ချမှတ်လိုက်တဲ့ အခွန်ကိစ္စတွေနဲ့ ပတ်သက်ပြီး BRICS အဖွဲ့အစည်းအနေနဲ့ တုံ့ပြန်ဆောင်ရွက်ကြဖို့ တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်တို့ကို ဖိတ်ခေါ်သွားဖို့ စီစဉ်နေပါတယ်။
▪️ သဘောတူညီချက်တွေကို နိုင်ငံပေါင်းစုံမှ ညှိနှိုင်းချမှတ်ရတဲ့ ဘက်ပေါင်းစုံလမ်းစဉ်ကို ထရမ့်က ဖျက်ဆီးချင်နေပြီး တစ်ဖက်သတ်ဝါဒနဲ့သာ အစားထိုးချင်နေတယ်လို့ လူလာက ပြောသွားပါတယ်။
▪️ လူလာက ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကို ဖြေရှင်းဖို့အတွက် BRICS ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ စတင်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
BRICS အဖွဲ့ထဲမှာ ရုရှားနဲ့ အခြားစီးပွားရေးထွန်းကားနိုင်ငံများ ပါဝင်ပါတယ်။
▪️ ဂျီ ၂၀ အဖွဲ့ထဲမှာ BRICS က ၁၀ နိုင်ငံပါဝင်နေတယ်ဆိုတာကို အမှတ်ရနေသင့်တယ်လို့ ဆိုပါတယ်။
▪️ ထရမ့်က ဘာလို့ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒကို တိုက်ခိုက်နေပြီး ဘာရည်ရွယ်ချက်တွေ ရှိလဲဆိုတဲ့အကြောင်းကို ဆွေးနွေးချင်နေပါတယ်။
▪️ ထရမ့်ကတော့ BRICS အဖွဲ့အစည်းကို အမေရိကန်ဆန့်ကျင်ရေးအဖွဲ့လို သတ်မှတ်ထားပြီး ထိုအဖွဲ့ဝင်နိုင်ငံများထံမှ တင်သွန်းကုန်များအပေါ် နောက်ထပ် ၁၀ ရာခိုင်နှုန်း အခွန်ထပ်ဆောင်း သတ်မှတ်ဖို့ ခြိမ်းခြောက်နေပါတယ်။
▪️ ဒီစာရင်းထဲမှာ ဘရာဇီးလ်က ၅၀ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးက ရှိနေပါတယ်။
ဒါ့အပြင် အိန္ဒိယကို နောက်ထပ် ၂၅ ရာခိုင်နှုန်း၊ တရုတ်နဲ့ တောင်အာဖရိကတို့ကို ၃၀ ရာခိုင်နှုန်း ချမှတ်သွားဖို့ စီစဉ်နေပါတယ်။
Source: Reuters
#World_Science
Published 07 August 2025
▪️ ရူပဗေဒပညာရှင်တွေဟာ နေ့စဉ်အသုံးပြုနေတဲ့ သတ္တုတွေမှာ သံလိုက်အချက်ပြမှုတစ်ခု ရှိသင့်တယ်ဆိုတာကို ရာစုနှစ်တစ်ခုကျော်တိုင်အောင် သိနေကြပေမယ့် တွေ့တော့မတွေ့ရှိခဲ့ပါဘူး။
▪️ အခုတော့ လေဆာအပြာတန်းတစ်ခု အသုံးပြုပြီး သမားရိုကျနည်းပညာကို နှိုးဆွအသုံးချခြင်းဖြင့် Hall effect ဆိုတဲ့ မတွေ့ရှိခဲ့တဲ့ဖြစ်စဉ်ကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒီနည်းလမ်းဖြင့် သတ္တုပစ္စည်းတွေမှာ သံလိုက်လက္ခဏာတွေ ပုန်းကွယ်နေတာကို ထုတ်ဖော်ရုံမက ရူပဗေဒ၊ ကွမ်တန်နည်းပညာများ၊ အီလက်ထရွန်နစ်ဒီဇိုင်းတွေမှာပါ ကဏ္ဍအသစ် ဖြစ်လာနိုင်ပါတယ်။
▪️ သုတေသီအဖွဲ့တစ်ဖွဲ့က အလင်းနဲ့ မြင်ကွင်းနည်းစနစ်ကိုသာ အသုံးပြုပြီး နေ့စဉ်ထိတွေ့နေတဲ့ သတ္တုတွေထဲက သံလိုက်အချက်ပြလက္ခဏာ မှိန်မှန်လေးကို ကြံကြံဖန်ဖန် ဖန်တီးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ၄၄၀ နာနိုမီတာလေဆာနဲ့ သံလိုက်စက်ကွင်းချိန်ညှိချက်ပါဝင်တဲ့ MOKE စနစ်ဖြင့် သံလိုက်အားကို ဖမ်းယူခဲ့ပါတယ်။
▪️ ဒီတွေ့ရှိချက်က ဝင်ရိုးလည်ပတ်ခြင်း၊ ကွမ်တန်စနစ်များနဲ့ သံလိုက်မှတ်ဉာဏ်ပုံစံတို့နဲ့ ဆက်စပ်တဲ့အခြင်းအရာတွေ တွေ့ရှိလာပါတယ်။
▪️ ဒီနည်းလမ်းဟာ ဝါယာတွေအစား လေဆာများဖြင့် သံလိုက်အတိုင်းအတာတွေကို အကျယ်ချဲ့မြင်စေပြီး အီလက်ထရွန်နစ်နဲ့ ကွမ်တန်တွက်ချက်မှုတွေမှာ တိုးတက်မှုတွေကို အထောက်အကူ ဖြစ်စေပါတယ်။
▪️ ဒါက သံလိုက်စွမ်းအားကို စူးစမ်းခြင်း၊ လျင်မြန်စွာ တွက်ချက်မှုတွေ၊ စွမ်းအင်သက်သာစေမယ့် စနစ်တွေအတွက် ဖောက်ထွင်းစရာမလိုတဲ့ ကိရိယာ ဖြစ်လာစေမှာပါ။
Source: SciTechDaily.
#World_Health
Published 07 August 2025
▪️ ရင်သားကြီးနေတဲ့ ယောက်ျားတစ်ယောက်က သူ့ရင်သားတွေကို ခွဲစိတ်ဖယ်ရှားပစ်ချင်နေတာကြောင့် အလှူငွေကောက်ခံနေပါတယ်။
အသက် ၃၁ နှစ်ရှိတဲ့ သာဘိုမက်သီက အသက် ၁၀ နှစ်တည်းက ရင်သားတွေ ဖွံ့ဖြိုးလာတာကို သတိပြုမိခဲ့ပါတယ်။
▪️ ကျောင်းမှာဆိုရင် တခြားကလေးတွေက သူ့ရင်သားဟာ မိန်းမတွေထက် ပိုကြီးတယ်လို့ လှောင်ပြောင်ခဲ့ကြပါတယ်။
▪️ သာဘိုဟာ အပေါ်အင်္ကျီကို အများရှေ့မှာ ချွတ်မပြရဲတာကြောင့် ရေကူးခြင်းလိုမျိုး အားကစားတွေမှာ မပါဝင်ခဲ့ပါဘူး။
▪️ ဆရာဝန်တွေနဲ့ ပြသရာမှာ ယောက်ျားတွေမှာ ရင်သားဂလင်းတစ်ရှူးတွေ များပြားနေတဲ့ gynaecomastia ရောဂါလို့ သိခဲ့ရပါတယ်။
▪️ ဒီအတောအတွင်း ရင်ဘတ်ကိုဖုံးကွယ်နိုင်ဖို့ တီရှပ်အင်္ကျီဆိုဒ်ကြီးတွေကိုသာ ဝတ်ဆင်နေထိုင်ခဲ့ပါတယ်။
▪️ ဒီအတွက် လိုအပ်တဲ့ ခွဲစိတ်မှုပြုလုပ်ဖို့ ၈,၇၄၁ ဒေါ်လာအတွက် GoFundMe အလှူခံကိစ္စ တည်ထောင်ထားပါတယ်။
▪️ အင်္ကျီချွတ်မပြချင်တာကြောင့် ဘယ်သူနဲ့မှမတွဲတာ ကြာခဲ့ပြီဖြစ်ပြီး တစ်ခါတလေမှာ ဓားဖြင့်လှီးဖြတ်ချင်စိတ် ပေါက်တယ်လို့ ဆိုပါတယ်။
▪️ အပြေးလေ့ကျင့်ခန်းတွေ၊ ဝိတ်မတာတွေလုပ်ခဲ့တဲ့အပြင် အမျှင်ဓာတ်များများဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စတင်စားသောက်ခဲ့ပါသေးတယ်။
▪️ သူ့ရဲ့ရောဂါက ဟော်မုန်းမညီမျှခြင်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆရပါတယ်။
▪️ ငွေအလုံအလောက် ရှိလာတဲ့အခါ ခွဲစိတ်မှုလုပ်ဖို့ ချက်ချင်းစာရင်းသွင်းသွားမယ်လို့ ပြောသွားပါတယ်။
Source: New York Post.
တရုတ်ပြည် ရှန်တုံပြည်နယ် ဟိုင်ယန်မြိုမှ ဟိုင်ယန်နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ အမှတ် ၃ အတွက် အစိတ်အပိုင်းကြီးများအားလုံးကို အောင်မြင်စွာ တပ်ဆင်ပြီးမြောက်ခဲ့ပြီဖြစ်ပြီး စီမံကိန်းကြီး ဆောက်လုပ်ရေးရဲ့ အဓိကမှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။
#Asia_Industry
Published 06 August 2025
#တရုတ်ပြည်ရှန်တုံပြည်နယ် #ဟိုင်ယန်နျူကလီးယာ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 06 August 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ဒုသမ္မတ ဂျေဒီဗန့်စ်ဟာ ၂၀၂၈
ရီပတ်ဘလစ်ကန် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် အရိုက်အရာဆက်ဆံနိုင်ခြေအများဆုံးသူ ဖြစ်တယ်လို့ အင်္ဂါနေ့က အကြံပြုလိုက်ကာ အနာဂတ် သမ္မတရွေးကောက်ခံကိုယ်စားလှယ်အဖြစ်လည်း ဗန့်စ်ကို အဆုံးစွန်အထိ ထောက်ခံထားတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဗန့်စ်က အရိုက်အရာဆက်ဆံသူ ဖြစ်လာနိုင်မလားဆိုတာကို သတင်းထောက်တွေက ထရမ့်ကို မေးမြန်းရာမှာ ဖြစ်နိုင်ခြေအများဆုံးထင်တယ်လို့ ပြန်ဖြေသွားပါတယ်။
▪️ ဒါ့အပြင် ဗန့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ အနာဂတ်မှာ ရီပတ်ဘလစ်ကန်အောင်မြင်မှုရဖို့ ပူးပေါင်းလုပ်ဆောင်သွားကြဖို့ကိုလည်း ပြောသွားပါတယ်။
▪️ ၂၀၂၈ ရွေးကောက်ပွဲက နှစ်တွေလိုသေးတဲ့အချိန်မှာ ထရမ့်ဟာ ရီပတ်ဘလစ်ကန်အဖွဲ့ကြီးမှာ ဩဇာချုပ်ကိုင်ထားသလို ထရမ့်ထောက်ခံမှုပြတဲ့ ကိုယ်စားလှယ်လောင်းအပေါ်မှာ သက်ရောက်မှု ကြီးမားနေမှာပါ။
▪️ ထရမ့်က ၂၀၂၈ ရာထူးဆက်ခံသူနေရာအတွက် ထောက်ခံချက်ပေးဖို့အကြောင်းကို အရင်က မဖြေကြားခဲ့ပါဘူး။
▪️ ဖေဖော်ဝါရီလတုန်းက ဗန့်စ်ကတော့ လုပ်ကိုင်နိုင်စွမ်းရှိပေမယ့် ဦးဆောင်သူကိုယ်စားလှယ်အဖြစ် သတ်မှတ်ဖို့က စောလွန်းသေးတယ်လို့ ထရမ့်ပြောခဲ့ပါတယ်။
▪️ အသက် ၄၀ အရွယ် မရင်းတပ်သားဟောင်းဗန့်စ်က ထရမ့်အစိုးရအဖွဲ့မှာ အရေးပါကဏ္ဍကနေ ပုံဖော်ထားသလို ပြည်တွင်းနဲ့ နိုင်ငံခြားရေးပေါ်လစီတွေမှာ ထရမ့်ရဲ့ပေါ်လစီကို ဖော်ဆောင်တဲ့ ထိပ်သီးကိုယ်စားလှယ်၊ အဓိကသံတမန်အဖြစ် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
▪️ ဖလော်ရီဒါ အထက်လွှတ်တော်အမတ်ဟောင်း ရူဘီယိုကလည်း အစိုးရအဖွဲ့မှာ အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်လာသလို ဒွိဟဖြစ်စေတဲ့ နိုင်ငံခြားရေးရာ အနှောင့်အယှက်ပေါ်လစီတွေကို ဖြေရှင်းနေသူဖြစ်ပါတယ်။
Source: Reuters.
Page 123 of 1129