Published 2June 2024
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၊ ၈၁×၈၂လမ်းကြား ၃၂×၃၃လမ်းကြားရှိ လျှပ်စစ်နှင့် မီးဖိုချောင်သုံးပစ္စည်းရောင်းဝယ်ရေးဆိုင် တွင် ပြီးခဲ့သည့် မေလ (၃၁)ရက်မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများထဲမှ ၂ဦးသေဆုံးခဲ့ကြောင်း မီးသတ်တဖွဲ့နှင့်ဒေသခံများထံက သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၅ဦးခန့်ရှိပြီး စိုးရိမ်ရာအခြေနေမှာ၅ဦးခန့်ရှိကြောင်းသိရသည်။
""ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရအခြေနေ ငါးဦးရှိတယ် အဲ့ဖြစ်တဲ့နေ့ ညနေမှာ တစ်ယောက်ဆုံးတယ် မနေ့က တစ်ယောက်ဆုံးတယ် သေဆုံးသူတွေက အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက် ကျန်တဲ့ဒဏ်ရာ ရသူတွေကတော့ ဆေးရုံမှာဆေးကုသနေရဆဲပဲ""ဟုဒေသခံတစ်ဦးကပြောသည်။
ယင်းမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရသူများနှင့်သေဆုံးသူများကိုမန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့်အလှူရှင်များက စုစုပေါင်းငွေကျပ် ၁၀၅သိန်း ကိုထောက်ပံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Photo-Than Htay FB
Yangon Times/LW
#Published_ 2 June 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 1 June 2024
၁။ ပထမဆုံးအကြိမ် မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်း ရန်ကုန်၌ ဖွင့်မည်
၂။ မော်လမြိုင်တွင် ပထမဦးဆုံးအဖြစ် EV အမြန်အားသွင်းစင်တာဖွင့်
၃။ ပြည်ပဝယ်လိုအားမရှိသော်လည်း ကုန်သည်နှင့်ပွဲစားများက ဈေးထိန်းရောင်းနေသဖြင့် နနွင်းတတ် ဈေးအမြင့်မှာသာရှိနေ
၄။ အီရန်သမ္မတ၏ ရဟတ်ယာဥ်ပျက်ရခြင်းအကြောင်းရင်း ဒုတိယအစီရင်ခံစာအား ထုတ်ပြန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Daily_News #Yangon_Times #Yangon_Media_Group #TV Yangon Times
Publicshed 1 June 2024
ဧရာဝတီတိုင်းဒေသကြီး၌ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း ၅,၀၀၀ ကျော်ရှိပြီး အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်းများမှာအများဆုံးဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည် ။
အဆိုပါ တိုင်းဒေသကြီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်စဧပြီလ၌ ပုဂ္ဂလိကစက်မှုလုပ်ငန်းသစ် ၂၀ ကိုမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီးလက်ရှိတွင် တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စုစုပေါင်းစက်မှုလုပ်ငန်း ပေါင်း၅,၅၆၅ ခုရှိနေကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအနက် ပထမအများဆုံးအဖြစ် အငယ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၃,၅၇၆ ခု ၊ ဒုတိယအများဆုံးအဖြစ် အကြီးစားပုဂ္ဂလိကစက်မှုလုပ်ငန်း ၁,၂၄၂ ခုနှင့် အလတ်စားပုဂ္ဂလိကစက်မှုလုပ်ငန်း ၇၄၇ ခု တို့မှာ လုပ်ငန်းများလုပ်ကိုင်နေကြောင်းသိရသည်။
၎င်းလုပ်ငန်းများမှာ မအူပင်စက်မှုဇုန်၊ ပုသိမ်စက်မှုဇုန် စသည့် စက်မှုဇုန်များဖြင့်လည်းစက်မှုလက်မှုလုပ်ငန်းများကိုစနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် နေကြောင်း၊အချို့သောစက်မှုလုပ်ငန်းများမှာစက်မှုဇုန်ဧရိယာများတွင် ရှိသလိုအချို့မှာ စက်မှုဇုန်ဧရိယာပြင်ပတွင် လုပ်ကိုင်နေသည်များလည်းရှိကြောင်းသိရသည်။
အဆိုပါ စက်မှုလုပ်ငန်းများအတွက် စနစ်တကျရှိစေရေးနှင့် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ဌာနမှ လုပ်ငန်းမှတ်ပုံတင်များဆောင်ရွက်ပေးနေကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1 June 2024
ပခုက္ကူဦးအုန်းဖေဆုရရှိသူများစာရင်းကို ပခုက္ကူစာပေဆုရန်ပုံငွေကြီးကြပ်ရေးကော်မတီမှထုတ်ပြန်လိုက်ပြီး ပခုက္ကူဦးအုန်းဖေဆုတစ်သက်တာစာပေဆု(၂)ဆုကိုဆရာကြီးဦးခင်အောင်(ရွှေဘာမထီခင်အောင်)နှင့်ဦးတင့်လွင် (တက်လူ) တို့ ရရှိခဲ့ကြောင်းသိရသည်။
ယခုနှစ်ပေးသည့် ပခုက္ကူဦးအုန်းဖေဆုတွင်(၁) ဝတ္ထုရှည်ဆု ပထမဆုကိုကြေညာထားခြင်းမရှိဘဲ၊ဒုတိယဆုကို ညိမ်းညို၏ ‘မေတ္တာနွေးထွေးပါသည်’စာမူ၊ တတိယဆုကို နေစိုးသော်၏ ‘စိတ်’စာမူဖြင့်လည်းကောင်း
(၂) ဝတ္ထုတိုပေါင်းချုပ်ဆု ပထမဆုကို အမေ့သား(နတ်မောက်)၏ ‘မုသားချိုချိုနှင့်အခြားဝတ္ထုများ’၊ဒုတိယဆုကို ကိုလိုနီသွေး(မန်းမြို့)၏ ‘အတိုဆုံးဝတ္ထု၊အရှည်ဆုံးပြဇာတ်နှင့်အခြားဝတ္ထုတိုများ’၊တတိယဆုကို ထွန်းလှိုင်(မြိုင်)၏ ‘မွေးရပ်မြေနှင့် သူငယ်ချင်းနှင့် သုတ၊ရသဝတ္ထုတိုပေါင်းချုပ်’ဖြင့်လည်းကောင်း
(၃)ကဗျာပေါင်းချုပ်ဆု ပထမဆုကို ကောင်းနွဲ့၏ ‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’၊ဒုတိယဆုကို ရွှေမင်းသား(စစ်ကိုင်း) ၏ ‘မွှေးမြဂုဏ်ရည် စာပန်းသီကဗျာများ’၊တတိယဆုကို ကနောင်နိုင်နွယ်ဦး၏ ‘ဘဝတေးသံကဗျာ’ဖြင့် လည်းကောင်း
(၄)ကျမ်းစာပေဆု ပထမဆုကို ကိုတိုး(ရန်ကင်း)၏ ‘ကုန်းဘောင်ခေတ်လက်ဝဲသုဒ္ဒရ၏ဘဝနှင့်စာပေ’၊ ဒုတိယဆုကို ဦးဝင်းမြင့်မောင်(လင်းအာရုဏ်ဦး)၏ ‘ရတနာပုံ အိမ်ရှေ့စံ’၊တတိယဆုကို သက်ဦးမောင်၏ ‘ရုပ်ရှင်နှင့် နိုင်ငံရေး၊ အမျိုးသားရေး အခန်းကဏ္ဍ’စာမူများဖြင့်လည်းကောင်း
(၅)သုတေသနဆု ပထမဆုကို မာန်သစ်ဟိန်း(ရှေးဟောင်းသုတေသန)၏ ‘သရေခေတ္တရာပျူတို့၏ရွှေထည်၊ ငွေထည်ယဉ်ကျေးမှု အနုလက်ရာများ’၊ဒုတိယဆုကို ကိုဇော်ဌေး(ယဉ်ကျေးမှု)၏ ‘ဆိုကရေးတီး ရိုးရာခရီး’ ၊ တတိယဆုကို လက်ယာ(မေတ္တာတံခွန်)၏ ‘လပြည့်နေ့ဖွား မြန်မာလူကျော်များ’စာမူတို့မှ ဆုအသီးသီး ရရှိခဲ့သည်ဟုဆိုသည်။
အကြိမ်(၃၀)မြောက်ပခုက္ကူဦးအုန်းဖေစာကြည့်တိုက်ဆုကို ခင်မောင်ဝင်း(အညာမြေ)၏ ‘ကျွန်တော်သိသော ကျွန်တော့်ရွာ’စာအုပ်နှင့် ဆရာသဲ၏ ‘သရဒွေးအလင်္ကာအဖွင့်ကျမ်း’စာအုပ်တို့မှ ရရှိခဲ့ကြောင်းနှင့် ဆုရရှိသူများကို ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ပြီးတစ်သက်တာဆု(၁၀)သိန်း၊ပထမဆု(၇)သိန်း၊ဒုတိယဆု(၅)သိန်း၊တတိယဆု(၄)သိန်းစီချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူ ဦးအုန်းဖေတည်ထောင်သည့် ပခုက္ကူဦးအုန်းဖေပညာသင်ဆုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်နှင့်မန္တလေး)မှမသန့်ဖြူဖြူထွန်း(ပန်းချီမေဂျာ)၊မင်းသုဟန်(ပန်းချီမေဂျာ)တို့မှ ရရှိခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published 1June 2024
ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင်တွင် ငါးအပုပ်နံ့များမှ ထွက်သည့် ဓာတ်ငွေ့ကို ရှုမိရာကေန အဆိပ်သင့်ပြီး မြန်မာရေလုပ်သားများအပါအဝင် ငါးဖမ်းသမား ၁၁ ဦး သတိမေ့မြောခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။
မေလ ၃၁ ရက် နေ့လယ်ပိုင်းတွင် ထာ့စာလားဒေသရှိ လှေဆိပ်တွင် ငါးဖမ်းရာမှအပြန် ကမ်းကပ်ပြီး လှေဝမ်းဗိုက် ငါးလှောင်ကန်ထဲ ငါးများကို ရေလုပ်သားများ ဆင်းသယ်ကြစဉ် အဆိပ်သင့်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ လှေပေါ်တွင် ထိုင်းနှင့် မြန်မာရေလုပ်သား ၁၀ ကျော် လိုက်ပါလာကြပြီး လှေဝမ်းဗိုက်အောက်ခြေသို့ ဆင်းကာ ငါးသယ်ထုတ်ရာမှ လှေလုပ်သား ၁၁ ဦး သတိမေ့မြောခဲ့ပြီးလေးဦးမှာ စိုးရိမ်ရကြောင်း ဖေါ်ပြထားသည်။
ထိုင်းနိုင်ငံရှိ ကယ်ဆယ်ရေးအဖွဲ့များက သတိမေ့မြောနေသူများကို အရေးပေါ်ကုသမှုများပေးခဲ့ပြီး ထာ့စာလားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာစိုးးရိမ်ရသူများအနက် တစ်ဦးသည် ဆေးရုံ ICU ထဲ ကုသနေဆဲဖြစ်ပြီး ကျန် သုံးဦးကို မဟာရတ်နခွန်စီထမရတ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကာ ကျန် ခုနစ်ဦးကိုလည်း ကျန်းမာရေးကုသမှုများပေးနေပြီး စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ယခုဖြစ်စဉ်တွင် အဆိပ်သင့်သူ ၁၁ဦးတွင် မြန်မာလုပ်သားမည်မျှ ပါဝင်သည်ကို သီးခြားဖော်ပြထားခြင်းမရှိဘဲ ထိုင်းနှင့်မြန်မာရေလုပ်သား စုစုပေါင်းကိုသာဖေါ်ပြထားသည်။
ယခုဖြစ်ရပ်နှင့်ပက်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Yangon_Times/LW
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ်အတွင်း ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်သားရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)ကသိရပါတယ်။
Yangon_Times/NN
#Local_News
#Published 1 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 834 of 2420