အောင်ပန်းဒေသထွက်ရှမ်းကုန်တွေဖြစ်တဲ့ ကုန်စိမ်းနဲ့ ဒေသထွက်ကုန်တွေ ဟာ သယ်ယူပို့ဆောင်ချိန်ကြာမြင့်နေဆဲဖြစ်တာအပြင် သင်္ကြန်ကာလ နီးကပ်လာတာကြောင့် ရန်ကုန်ကိုတင်ပို့တာ နည်းပါးနေသေးတယ်လို့ အောင်ပန်းကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အောင်ပန်းဒေသထွက်ရှမ်းကုန် #အောင်ပန်းကုန်စိမ်းပွဲရုံ
#YMG/NN #Yangon_Times
မန္တလေးငလျင်နဲ့ သဘာဝဘေးသင့် ဒေသတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဘိလပ်မြေတွေကိုဘိလပ်မြေစက်ရုံ (မြိုင်ကလေး)နဲ့ ဘိလပ်မြေစက်ရုံ(ပြည်ညောင်)တို့ ကနေ စက်ရုံအထိုင်ဈေးနဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#စက်ရုံအထိုင်ဈေး #ဘိလပ်မြေများရောင်းချ
#YMG/NN #Yangon_Times
အမျိုးသမီးတွေအတွက် ပန်းရံသင်တန်းဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#ပန်းရံသင်တန်းအခမဲ့ဖွင့် #အမျိုးသမီးများ
#YMG/SW #Yangon_Times
မြန်မာ့မီးရထားမှ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့အတွက် အထူးရထားများ ပြေးဆွဲဝန်ဆောင်မှုပေးသွားမှာဖြစ်ရာ ဧပြီ ၁၁ ရက်မှစတင်ကာ ပြေးဆွဲပေးမယ်လို့ သိရပါတယ်။
#Local_News
Published 10 Apirl 2025
#အထူးရထားခရီးစဉ် #သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်
#YMG/SW #Yangon_Times
#Local_News
Published 10 April 2025
▪️ ယခုလာမည့် သင်္ကြန်ကာလအတွင်း မန္တလေး အပါအဝင်ဒေသ အားလုံး၌နေရာကွက်၍ မိုးကြီးနိုင်သောကြောင့် မြေမြိုခြင်းနှင့်ရေကြီးခြင်းများကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ အသိပေးထားသည်။
▪️ ယနေ့မြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
▪️ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ မနက်မှ ဧပြီ ၁၁ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ကြောင်းသိရသည်။
▪️ ထို့အပြင် ဧပြီ၁၂ရက်နေ့မှ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။
▪️ ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 10 April 2025
▪️ မြေငလျင်ကြောင့် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုများကို ကူညီထောက်ပံ့ရန်၊ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်းများ ၅၅ တန်ကို တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ်သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
▪️ ယခုရောက်ရှိလာသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွင် အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် လိုအပ်နေသူများကို ကူညီရန် အခြားအရေးကြီးပစ္စည်းများ ပါဝင်ကြောင်း၊ထိုပစ္စည်းများအားမြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အီတလီနိုင်ငံမှလူသားချင်းစာနာမှုအဖွဲ့အစည်းဖြစ်သော Cesvi Onlus သည် လိုအပ်မှုအပေါ်အခြေခံ၍ ထိုအထောက်အပံ့များကို သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ လေယာဉ်ဖြင့်ပေးပို့သောထောက်ပံ့မှုသည် ဥရောပသမဂ္ဂ Humanitarian Air Bridge ၏ ဒုတိယအကြိမ်မြောက်ပေးပို့မှုဖြစ်ပြီး၊ ပထမ လေယာဉ် ဖြင့်တင်ဆောင်လာသည့် တန်ချိန် ၈၀ ခန့်ရှိသော ထောက်ပံ့ရေး ပစ္စည်းများသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လိုအပ်သူများထံ ဖြန့်ဝေပေးနိုင်ရန် UNICEF ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊လေကြောင်းဖြင့်ပို့ဆောင်သော ပစ္စည်းများအပြင်၊ ဥရောပသမဂ္ဂမှ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၃၃ သန်းကို ထောက်ပံ့ရန် ချမှတ်ပြီးသားဖြစ်သည့်အပြင်၊ ယခု မြေငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကို ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 5 April 2025
▪️ ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်း မန္တလေး ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းအထိ နောက်ဆက်တွဲငလျင် ကြိမ်ရေ ၁၁၃ကြိမ်အထိရှိလာကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ နောက်ဆက်တွဲ ငလျင်ငယ်များသည် မိတ္ထီလာ၊ သံတောင်ကြီး၊ ထီးချိုင့် ၊ စစ်ကိုင်း၊ နေပြည်တော်၊ မလှိုင်၊ တပ်ကုန်း၊ ပျဉ်းမနား၊ မြို့လှ၊ ဧလာ၊ ရေတာရှည်၊ ရွာငံ၊ ဝမ်းတွင်း၊ ကျောက်ဆည် ၊ ထန်းတပင်၊ ပုသိမ်ကြီး၊ ကျောက်မြောင်း ၊ ဝက်လက် ၊ သာဂရ၊ နထိုးကြီး၊ စဉ့်ကိုင်၊ တောင်ငူ၊ သာစည်၊ အုတ်တွင်း၊ မတ္တရာ၊ ဖြူး၊ ပြင်စလူ၊ကျောက်တံခါး၊ ပင်လောင်း၊ပြင်ဦးလွင် အပါအဝင် ဒေသအနှံ့အပြား၌ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့မတ်လ ၁၀ ရက် မနက်ပိုင်း၉ နာရီ ၂၃မိနစ်၄၈ စက္ကန့်အချိန်တွင်တောင်ငူမြို့၏ တောင်-အနောက်တောင် (၁၀)မိုင်ခန့်အကွာတွင် အနက် - ၃၃ ကီလိုမီတာ ရှိပြီးရစ်(ခ်) တာစကေး ၃ ဒဿမ ၄ အဆင့်ရှိ သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယမန်နေ့ကလည်း မြစ်သား၊စဉ့်ကူးနှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် တစ်ရက်တည်း ငလျင် ၅ ကြိမ်အထိလှုပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 483 of 2422