#Local_News
Published 09 August 2025
▪️ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကားတွင်းညှပ်မိနေသည့် လူနှစ်ဦးကိုကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
▪️ ဩဂုတ်၈ ရက်နေ့၊ ည ၁၁နာရီ ၁၀မိနစ် အချိန်ခန့်က၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သံသုမာလမ်း၊ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၁နာရီ ၂၀ မိနစ်အချိန်တွင် ညပ်နေသော လူနာ(၂)ဦးအား ကယ်ထုတ်ပြီး သုဝဏ္ဏပရဟိတ လူမှုကူညီရေးအသင်းနှင့် ဆန်ရေပရဟိတလူမှုကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုတစ်ပတ်အတွက်ရန်ကုန်အထိုင် ဓာတ်ဆီဈေးနှုန်းမြင့်တက်လာပြီးဒီဇယ်ဈေးကတော့ အနည်းငယ်ကျဆင်းလာတယ်လို့စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုအပတ်အတွက် ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 09 August 2025
#ဓာတ်ဆီဒီဇယ် #အနည်းငယ်ကျဆင်း
#YMG/NN #Yangon_Times
#Daily_News
Published 08 August 2025
၁။ကမ္ဘာအေးစေတီတော်၌ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)မင်္ဂလာ နှင့်ဇီဝိတဒါနငှက်များ ဘေးမဲ့လွှတ်ပွဲကျင်းပ
၂။ စားသုံးဆီဖြန့်ဖြူးရေးအတွက် Digital Platform အသုံးပြုသွားမည်
၃။ 2025 EPS Conferenceတွင် မြန်မာလုပ်သားများအရေးဆွေးနွေး
၄။ (၂၇)ကြိမ်မြောက်တရုတ်ပြည်၏စက်ရုပ်နှင့်AIဖိုင်နယ်ပွဲများကျင်းပ
... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 08 August 2025
▪️ ကရင်ပြည်နယ် ဘားအံမြို့နယ်၌ Zeya & Associates Co.Ltd မှ
အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ရင်းနှီးမြှုပ်နှံ၍ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
▪️ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင်(၈၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ (၄၀) ဧကပေါ်တွင်(၁၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုတင်သွင်းသည့် Zeya & Associates Co.Ltd အား ဩဂုတ်လ (၆)ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
▪️ ထိုသို့တွေ့ဆုံရာတွင် Executive Director Zeya & Associates Co.Ltd က စီမံကိန်းမြေနေရာနှင့်စီမံကိန်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်မည့်ပုံစံ၊ System Configuration ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ မြေငှားစာချုပ်နှင့်ဓာတ်အားဝယ်ယူရေးစာချုပ်ချုပ်ဆိုမည့်ပုံစံတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ကသက်ဆိုင်ရာဌာနများအလိုက်လိုအပ်သည့်ခွင့်ပြုမိန့်များရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဓာတ်အားပေး စက်ရုံ စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုက်တွန်းပြောကြားသည်။
▪️ အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Letter of Acceptance လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၅၅၀)အတွင်း စတင်လည်ပတ်နိုင်မည်ဖြစ်ကာ အဆိုပြုစီမံကိန်းကာလ မှာ ၂၀ နှစ် + ၅ နှစ်+ ၅ နှစ်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 08 August 2025
▪️ ရှမ်းပြည်နယ်ကွန်ဟိန်းမြို့၌ ယနေ့မနက်ပိုင်းက နမ့်ပန်ချောင်းရေတက်လာပြီးနေအိမ်များသို့ ရေဝင်ရောက်၍ ဘေးလွတ်ရာသို့ရွေ့ပြောင်းခဲ့ရကြောင်း သိရသည်။
▪️ ဩဂုတ်၈ ရက်နေ့၊မနက် ၆ နာရီခွဲ အချိန်က ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေတက်လာပြီး အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကွန်ဟိန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မွန်ရိုးရာရွှေအိုးမြှုပ်နှံလှူဒါန်းပွဲကို ကျိုက်သလ္လံစေတီတော်မြတ်ကြီးမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ပြည်တွင်း၊ပြည်ပအလှူရှင်တွေက ရွှေအိုး ၂၃၅လုံးကို လှူဒါန်းခဲ့ကြတယ်လို စေတီတော်ဂေါပက အဖွဲ့ကသိရပါတယ်။
#Local_News
Published 08 August 2025
#ကျိုက်သလ္လံစေတီတော် # မွန်ရိုးရာရွှေအိုး၂၃၅ လုံး
#YMG/NN #Yangon_Times
မြန်မာလုပ်သားများ အရေးကိစ္စနဲ့ပတ်သက်ပြီး ဩဂုတ်လ ၆ ရက်နေ့က
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို၊ The Shilla Hotel မှာ ကျင်းပတဲ့ 2025 EPS Conference မှာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်တက်ရောက်ဆွေးနွေးခဲ့တယ်လိုသိရပါတယ်။
#Local_News
Published 08 August 2025
#မြန်မာလုပ်သားများ #ကိုရီးယားသမ္မတနိုင်ငံ
#YMG/SW #Yangon_Times
Page 321 of 2399