#Daily_News
Published 14 August 2025
၁။ မြန်မာသို့ ဝါမျိုးစေ့နှင့်မျိုးကောင်းမျိုးသန့် တင်ပို့ရန် အိန္ဒိယနှင့်ဥဇဘတ်ကစ္စတန် ကမ်းလှမ်း
၂။ ယခုလ ဆန်ရည်ညွှန်းဈေးနှုန်းများငြိမ်နေ
၃။ ယခုဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြုပ်နှုံမှုတန်ဖိုး ဒေါ်လာသန်း၁၀၀ကျော်ဝင်ရောက်ခဲ့
၄။ ကမ္ဘာ့ပထမဆုံးလူသားပုံစံစက်ရုပ်အားကစားပြိုင်ပွဲများ ပေကျင်း၌ကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံတော်မှချေးငွေရယူပြီး သက်တမ်းပြည့်သော်လည်းပြန်လည်ပေးဆပ်ခြင်းမရှိတဲ့ လုပ်ငန်းရှင်(၅၅)ဦးကို ဥပဒေအရအရေးယူသွားမယ်လို့စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးထားပါတယ်။
#Local_News
Published 14 August 2025
#ချေးငွေပြန်မဆပ်သည့်လုပ်ငန်းရှင်များ #ဥပဒေအရအရေးယူ
#YMG/SW #Yangon_Times
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလ မှ ဇူလိုင်လအထိ ၄ လတာကာလအတွင်းရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်း(၁၀၀)ကျော်ဝင်ရောက်ခဲ့တယ်လို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
#Local_News
Published 14 August 2025
#ရင်းနှီးမြုပ်နှံမှုတန်ဖိုး # အမေရိကန်ဒေါ်လာ
#YMG/SW #Yangon_Times
အခုဩဂုတ်လအတွက် ဆန်ရည်ညွှန်းဈေးနှုန်းတွေ အရင်လအတိုင်းငြိမ်ပြီး တန်းနေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်တဲ့ ရည်ညွှန်းဆန်ဈေးနှုန်းအရ သိရပါတယ်။
#Local_News
Published 14 August 2025
#ဆန် #ဈေးနှုန်းများငြိမ်နေ
#YMG/NN #Yangon_Times
အိန္ဒိယနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေက မြန်မာနိုင်ငံကို အရည်အသွေးမြင့် ဝါမျိုးစေ့နဲ့ ဝါမျိုးကောင်းမျိုးသန့်တွေ တင်ပို့ဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 14 August 2025
#ဝါမျိုးစေ့နဲ့ဝါမျိုးကောင်းမျိုးသန့် #အိန္ဒိယနှင့်ဥဇဘတ်ကစ္စတန်ကမ်းလှမ်း
#YMG/NN #Yangon_Times
#Local_News
Published 14 August 2025
▪️ မြစ်ကမ်းပါးပြိုကျမှုလျော့ပါးစေရန်အတွက်သံလွင်မြစ်ဘေးတွင် Floating Structure အလျားပေ ၁၀၀၀ ခန့် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကရင်ပြည်နယ် ဘားအံမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ဘားအံမြို့ အမှတ်(၈)ရပ်ကွက်တွင် သံလွင်မြစ်ကမ်းပါး အလျား ပေ၂၉၀၀ ခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ်ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမိုးက မြစ်ကမ်းပါးပြိုကျမှုအခြေအနေနှင့်လက်တလောကမ်းပါးပြိုကျမှုလျော့ပါးစေရန် Floating Structure အလျားပေ ၁၀၀၀ ခန့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က Floating Structure များအမြန်ဆုံး တည်ဆောက်ကာကွယ်ရန်၊ လာမည့်ရေနည်းရာသီတွင်စစ်ဆေး၍ ကမ်းထိန်းလုပ်ငန်းအစီအမံများ ရေးဆွဲတင်ပြရန်မှာကြားခဲ့ ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 August 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကောင်စစ်ဆိုင်ရာအထောက်အထား (ဗီဇာ)လျှောက်ထားရန် တန်းစီနေရာပြောင်းလဲသတ်မှတ်ထားကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ထားသည်။
▪️ သံရုံးသို့လာရောက်လျှောက်ထားမည့် လူများအနေဖြင့် ခရီးစဉ်လမ်းကြောင်းကို ကြိုတင်စီမံထားရှိနိုင်ရန်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ပြောင်းလဲသတ်မှတ်ရာတွင်ဩဂုတ်လ (၁၃) ရက်နေ့မှစ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှိ ကောင်စစ်ဆိုင်ရာအထောက်အထား (ဗီဇာ) လျှောက်ရန် တန်းစီရမည့်နေရာကို ယခင်ပြည်ထောင်စုရိပ်သာလမ်းမှ ဗဟိုလမ်းသို့ ပြောင်းရွှေ့သွားမည်ဖြစ်သည်ဟု အသိပေးထားသည်။
#YMG/SW #Yangon_Times
Page 315 of 2399