#Local_News
Published 17 June 2025
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာလေးဦးအားခြင်ဆီအစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ထိုထဲတွင်တစ်ဦးမှာသွေးပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ရောဂါခံစားနေရသူဖြစ်ပြီး အေးခဲခြင်ဆီ (Cryopreservation) ပြုလုပ်၍ ခြင်ဆီအစားထိုးကုသမှု ပထမဆုံးဆောင်ရွက်ခဲ့သည့် လူနာဖြစ်ကြောင်း သိရသည်။
▪️ ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ်ဆောင်သစ်၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center) ၌ ပြီးခဲ့သည့် မေလအတွင်း ခြင်ဆီကင်ဆာလူနာသုံးဦးနှင့် သွေးပြန်ရေကျိတ်ကင်ဆာလူနာတစ်ဦး စုစုပေါင်း လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ လူနာလေးဦးတွင် လူနာသုံးဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာတစ်ဦးမှာလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြု ကြီး/ငယ်များ၊ အထောက်အကူပြုဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
▪️ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လေးဦးစုစုပေါင်း ၁၉ ဦးကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ်သက်သာစေရေးအတွက် ပြည်တွင်းမှာပင် ခြင်ဆီအစားထိုးကုသခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 16 June 2025
၁။ ယခုဘဏ္ဍာနှစ်စောပိုင်းတွင်ပြည်ပသို့ဆန်၊ ဆန်ကွဲ တန်ချိန် ၄သိန်းကျော် တင်ပို့ထား
၂။ နှစ်လအတွင်း နေလှန်းဆားပိဿာချိန်တစ်သိန်းကျော်တင်ပို့ရောင်းချ
၃။ လေးရက်အတွင်း တိုင်းနှင့်ပြည်နယ်အနှံ့၌ မိုးသည်းထန်စွာရွာသွန်းနိုင်
၄။ အိန္ဒိယလေယာဉ်ပျက်ကျရသည့် ဖြစ်နိုင်ဖွယ်အကြောင်းအရင်းအား တရုတ်လေယာဉ်ပညာရှင်သုံးသပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 16 June 2025
▪️ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား မှတ်သားနိုင်စေရန် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ကြရန် ရည်ရွယ်၍ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၄၀၀ ကျပ်တန် (၂၀၀ x ၁၂) စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ တံဆိပ်ခေါင်းသစ်အား ဇွန် (၂၀) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၀)ရက် (သောကြာနေ့) နံနက်(၉)နာရီခွဲ မှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတို က်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇွန် (၂၀) ရက် (သောကြာနေ့)တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းကိုယ်စားပြုမြန်မာ့သိုင်းလက်ရွေးစင်တွေ ရွေးချယ်ဖို့ ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ရန်ကုန်မြို့မှာသုံးရက်ကြာ ကျင်းပပြုလုပ်နေရာ သိုင်းအားကစားသမား ၃၆၀ကျော် ဝင်ရောက် ယှဉ်ပြိင်နေတယ်လို့
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းသိုင်းဆပ်ကော်မတီက သိရပါတယ်။
#Local_News
Published 16 June 2025
#သိုင်းလက်ရွေးစင်ရွေးချယ်ပြိုင်ပွဲ #သိုင်းသမား၃၆၀ကျော်ဝင်ရောက်ယှဉ်ပြိုင်
#YMG/NN #Yangon_Times
#Local_News
Published 16 June 2025
▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၌ ယခုမနက်အစောပိုင်း လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။
▪️ ဇွန်၁၆ ရက်နေ့၊ မနက်၇နာရီ ၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် အချို့၌လည်း ယနေ့ညပိုင်းအထိခန့်မှန်းချက်အရနေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ မနက်ပိုင်းက
အကြံပြုထားသည်။
#YMG/NN #Yangon_Times
ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေခြင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်တို့ကြောင့် ဇွန် ၁၅ ရက်ညနေမှ ဇွန် ၁၉ ရက်အတွင်း တိုင်းေဒသကြီးနဲ့ ပြည်နယ်အနှံ့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းတစ်ရပ်အနေနဲ့သတိပေးထားပါတယ်။
#Local_News
Published 16 June 2025
#တိုင်းနှင့်ပြည်နယ်အနှံ့ #မိုးသည်းထန်စွာရွာသွန်းနိုင်
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် နှစ်လတာအတွင်း နေလှန်းဆား ပိဿာချိန်တစ်သိန်းကျော် ကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို
တင်ပို့ရောင်းချခဲ့တယ်လို့ နေလှမ်းဆားထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ ဆီကသိရပါတယ်။
#Local_News
Published 16 June 2025
#နေလှမ်းဆားထုတ်လုပ်ငန်း #ငပုတောမြို့နယ်
#YMG/NN #Yangon_Times
Page 303 of 2318