#Local_News
Published 13 August 2025
▪️ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသော အိမ်ထောင်စုများအား ပြန်လည်ထူထောင်ရေးအတွက် ငွေသားထောက်ပံ့ခြင်းအစီအစဥ်ကို သြဂုတ်လ(၁၃)ရက်က ဆက်လက်ပြုလုပ်ခဲ့ရာ ငွေကျပ်သိန်း ၃၀၀ကျော်ထောက်ပံ့ကူညီခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှသိရသည်။
▪️ ထိုသို့ထောက်ပံ့ရာတွင် ရှမ်းပွဲနှင့် မြို့မရပ်ကွက်များရှိ ငလျင်ဘေးသင့် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေ ကျပ် ၄၀၀,၀၀၀/ နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၇၉) စုအတွက် စုစုပေါင်း ကျပ် ၃၁,၆၀၀,၀၀၀ / ကို အဆိုပါ အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး မကောင်းသဖြင့် စုရပ်သို့ မလာရောက်နိုင်သည့် အိမ်ထောင်စု(၂)စု မှ အမျိုးသမီး (၁)ဦး အမျိုးသား (၁)ဦး ကိုလည်း အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
▪️ ငွေသား ထောက်ပံ့ခြင်း အစီအစဉ်ကို ဆောင်ရွက်ရာတွင် လေ့ကျင့်ထားသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အဆိုပါ ရပ်ကွက်များ အတွင်းသို့ ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လ များအတွင်း၌ ကွင်းဆင်းကာ စနစ်တကျ လေ့လာဆန်းစစ်ခြင်းများကိုတစ်အိမ်ထောင်စုချင်း စီ အလိုက် အိမ်တိုင်ယာရောက် စနစ်တကျလေ့လာဆန်းစစ်ခြင်းများကို အသင်း ၏ သတ်မှတ်ချက်စံနှုန်းများနှင့်အညီ အကျိုးခံစားခွင့်ရှိသူများ စာရင်း ကို ရပ်ရွာအတွင်း အများပြည်သူဆိုင်ရာနေရာများတွင် ကြေငြာပေးခဲ့ပြီး community engagement and accountability လုပ်ငန်းစဉ်ကိုပါ ပွင့်လင်းမြင်သာစွာ တပြိုင်နက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)၏ ပံ့ပိုးကူညီမှုဖြင့် ငွေသားထောက်ပံ့ခြင်းဖြစ်ပြီး အသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ဝန်ထမ်းများ၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များ၊ လာရောက် အားဖြည့် ကူညီသည့် မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင် များသည် ရပ်ရွာလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 13 August 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး"၂၆ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို ပြုလုပ် ကျင်းပသွားမည်ဖြစ်ရာပြိုင်ပွဲဝင်များကို စတင် ဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ ပြိုင်ပွဲသို့ အသက်၁၆နှစ်မှ၃၀နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီးပြိုင်ပွဲဝင်များအနေဖြင့် လျှောက်လွှာများကို ယခုလ (၂၈) ရက် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ပြီးပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ေကြာင်း သိရသည်။
▪️ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 13 August 2025
၁။တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများတိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေး
၂။ CMP အထည်များ ဥရောပနှင့်ဒေသတွင်းနိုင်ငံများသို့တင်ပို့နေ
၃။ ငါးရက်အတွင်း နိုင်ငံတစ်ဝန်းမိုးကြီးလေထန်ဖြစ်စဥ်များဖြစ်ပွားနိုင်
၄။ ရှန်ဟိုင်း၌အလိုအလျောက်မောင်းနှင်တက္ကစီများ အလျင်အမြန်တိုးချဲ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံ ထုတ်ရောင်းပေးမယ်လို့ဒီကနေ့မှာ အသိပေးလာပါတယ်။
#Local_News
Published 13 August 2025
#စက်သုံးဆီ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/NN #Yangon_Times
မုတ်သုံလေ အားကောင်းလာနိုင်ခြင်းနဲ့လေထုမငြိမ်မသက်ဖြစ်ခြင်းတွေကြောင့် ယနေ့မှစတင်ကာငါးရက်အတွင်း နိုင်ငံတစ်ဝန်းလုံး မိုးကြီးလေထန်ဖြစ်စဥ်တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးသတင်းတစ်ရပ်အနေနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 13 August 2025
# မိုးကြီးလေထန် #မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#YMG/SW #Yangon_Times
CMP စနစ်နဲ့ချုပ်လုပ်ထားတဲ့ အထည်တွေကို ဥရောပ ၊အမေရိကန် စတဲ့ နိုင်ငံတွေအပါအဝင် ဒေသတွင်းနိုင်ငံတွေကိုပါတင်ပို့နေတယ်လို့ သိရပါတယ်။
#Local_News
Published 13 August 2025
#CMPအထည် #ဥရောပ_အမေရိကန်တင်ပို့
#YMG/NN #Yangon_Times
ယနေ့သြဂုတ်လ(၁၃)ရက်မှ စတင်ကာတက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို တိုကင်စနစ်ဖြင့်ပြန်လည်ထုတ်ပေးနေပြီဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 13 August 2025
#တက္ကသိုလ်ဝင်စာမေးပွဲ #အမှတ်စာရင်းပြန်လည်ထုတ်ပေး
#YMG/SW #Yangon_Times
Page 234 of 2316