#Daily_News
Published 24 September 2025
၁။ မြန်မာလုပ်ငန်း (၁၈၀၀) နီးပါး GACC တွင် မှတ်ပုံတင်ထား
၂။ ဈေးကွက်ဝယ်လိုအားကြောင့် Hass ထောပတ်သီးများ တိုးချဲ့စိုက်ပျိုးမည်
၃။ ဆည်မြောင်းတာတမံများနှင့်မြစ် ၊ချောင်းကမ်းအနီးနေသူများအား မိုးဇလ သတိပေး
၄။ ယူနက်စ်ကို၏ STEMပညာရေးနိုင်ငံတကာတက္ကသိုလ်ကြီး ရှန်ဟိုင်း၌တရားဝင်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 24 September 2025
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသတင်း ဖိုရမ်(World Atomic Week Forum 2025) သို့တက်ရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားကြောင်းသိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယင်းခရီးစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာမျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်းသိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 24 September 2025
▪️ လက်ရှိဆောင်ရွက်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းကြီးများသည် သက်တမ်းကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်သောကြောင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်းလျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းကပြောသည်။
ယမန်နေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)ကို လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ရတနာ၊ ဇောတိက၊ ရဲတံခွန်နှင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးလေးခုတို့မှ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသည့်အပြင် ပြည်တွင်းသုံးအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ CNG သုံးမော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများအတွက်လည်း သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊သို့ရာတွင် အဆိုပါစီမံကိန်းကြီးများသည် သက်တမ်းကာလအားဖြင့် ကြာမြင့်နေပြီဖြစ်သည့်အတွက် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်သဖြင့် စီမံကိန်းအသစ်များ ရှာဖွေတူးဖော်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်းတွင်း နှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်နိုင်ရန် နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများအား လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ကြရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
▪️ ထို့အပြင် ရေနံတွင်းသစ်များ နေရာသတ်မှတ်နိုင်ရေး တိုင်းတာရရှိခဲ့သော ဆိုက်စမစ်အချက်အလက်များ ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရေး၊ ပုဂ္ဂလိကရေနံတူးဖော်ခြင်းလုပ်ငန်းများအား နည်းစနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရေနံလက်ယက် တွင်းလုပ်ငန်းများအစား နည်းစနစ်ကျတွင်း (Standard Well)များ ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
(၇) ရက်အတွင်း တစ်နိုင်ငံလုံးမှာ မိုးအသင့်အတင့်ကနေမိုးများနိုင်တယ်လို့ ပြင်ပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောထားပါတယ်။
#Local_News
Published 23 September 2025
#မိုး #RAGASA
#YMG/NN #Yangon_Times
အခုရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ်တစ်သိန်းမြင့်တက် လာပြီး သိန်း(၈၀)ကျော်အထိရှိလာတယ်လို့ ရွှေဈေးကွက်ထဲကသိရပါတယ်။
#Local_News
Published 23 September 2025
#အခေါက်ရွှေတစ်ကျပ်သား #ရွှေဈေးကွက်
#YMG/NN #Yangon_Times
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းတွေအနက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနဲ့မိုးသီးနှံတွေအတွက်လိုအပ်တဲ့ မြေဩဇာတွေကို ရာသီချိန်မီဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့မြေဩဇာကော်မတီရဲ့ (၄၅)ကြိမ်မြောက်အစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 23 September 2025
#မြေဩဇာ # မိုးစပါးနဲ့မိုးသီးနှံ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေညီလာခံကို လာမယ့် အောက်တိုဘာလ(၇)ရက်မှာရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 23 September 2025
#မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း #နိုဗိုတယ်ဟိုတယ်မှာကျင်းပ
#YMG/SW #Yangon_Times
Page 190 of 2316