#Local_News
Published_ 26 April 2023
အခြေခံပညာအတန်းများဖြစ်သည့်KGကနေGrade 11 အထိကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းများကိုဧပြီ(၂၇)ရက်မှာထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ သိရသည်၊၊
အောင်စာရင်းများထုတ်ပြန်ပေးပြီးတဲ့နောက် မေလထဲတွင်ကျောင်းအပ်နှံရေးလက်ခံဆောင်ရွက်သွားဖို့ရှိသည်ဟုဆိုသည်၊၊
"အခြေခံပညာကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းတွေ ဧပြီလ(၂၇)ရက်မှာ ထုတ်ပြန်မယ်ဆိုတာဟုတ်ပါတယ်၊၊KGကနေGrade 11 အထိကျောင်းတွင်းစစ်စာမေးပွဲအောင်စာရင်းတွေပါ၊၊မေလထဲမှာကျောင်းအပ်နှံတာပြန်လက်ခံသွားမှာဖြစ်ပါတယ်"ဟုအခြေခံပညာဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးက YMGကိုပြောသည်၊၊
ကျောင်းတွင်းစစ်စာမေးပွဲများတွင်အောင်မြင်သူများရောကျရှုံးသူများပါ မေလထဲတွင်ကျောင်းပြန်လည်အပ်နှံရမည်ဖြစ်သည်ဟုဆိုသည်၊၊
နှစ်စဥ်မြန်မာနိုင်ငံတွင် ဇွန်လအတွင်းကျောင်းများပြန်ဖွင့်လှစ်လေ့ရှိပြီး မေလကနေဇွန်လအတွင်းကျောင်းအပ်နှံရေးလက်ခံရေးရက်သပ္ပါတ်များသတ်မှတ်ပြီး ကျောင်းသားသစ်များပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အခြေခံပညာကျောင်း #စာမေးပွဲအောင်စာရင်း
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးနဲ့ ဝေဇယန္တာလမ်းထောင့်မှာ ယမန်နေ့ ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီ ၂၀မိနစ်အချိန်ခန့်က စက်ဘီးနဲ့ကားတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သာကေတမြို့နယ် ပရဟိတအဖွဲထံက သိရသည်။
ဖြစ်စဉ်မှာ စက်ဘီးမောင်းနှင်လာသူမှာ လမ်းမကြီးမှ ရပ်ကွက်လမ်းသွယ်ထဲသို့ ဝင်စဉ် အရှိန်ဖြင့်မောင်းနှင်လာသောကားဖြင့်ဝင်တိုက်မိခြင်းဖြစ်သည်။
"စက်ဘီးက လမ်းလယ်တုံးကြားကနေ ဖြတ်ဝက်တာ၊ ဖြစ်ချင်တော့အဲ့နားက လမ်းမီးကလဲ ပျက်နေတော့မှောင်နေတယ်၊ ကားကလဲ အရှိန်နဲ့လာတာ၊ ဝင်တိုက်မိပြီး လူကပေ ၇၀ လောက်အထိကို လွင့်သွားတာ"ဟု သာကေတမြိုနယ်ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကားနဲ့တိုက်မိမှုကြောင့် ပေါင်အဆစ်လွဲဒဏ်ရာ၊ တင်ပဆုံအဆစ်လွှဲဒဏ်ရာ၊ ပေါင်ရိုးကျိုးဒဏ်ရာ၊ဒူးဆစ်လွှဲဒဏ်ရာ၊ ခြေသလုံးကျိုးဒဏ်ရာနဲ့ ဦးခေါင်းဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆိုသည်။
လူမှုကူညီရေးအသင်းရောက်ရှိချိန်မှာ မသေသေးပဲ ပရိဟိတအသင်းမှ မြေပြင်ကုသမှုများ လုပ်ပေးခဲ့ပေမဲ့ သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ သိရသည်။
သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ်အမျိုးသားဖြစ်ပြီး အခင်းဖြစ်နေရာအနီးအနားမှာနေထိုင်ကာ အောင်နိုင်သူပရဟိတကားဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရသည်။

#ymg/ppk #Local_News #သာကေတ #ကားနဲ့စက်ဘီးတိုက်မိ
#Yangon-Media-Group
#Local_News
Published _26 April 2023
တောင်ကိုရီးယားတွင် ယနေ့ ဧပြီလ ၂၆ ရက် နံနက်ပိုင်းက မြန်မာအလုပ်သမားတစ်ဦး လုပ်ငန်းခွင်အတွင်း နှလုံးရပ်၍ ရုတ်တစ်ရက် သေဆုံးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ ချောင်နန်မြို့ရှိ စက်ရုံတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူမှာ
အသက်(၃၉)နှစ်အရွယ် ကိုမျိုးနိုင်အေးဆိုသူဖြစ်ကြောင်း သိရသည်။
"စက်ရုံမှာ ပစ္စည်းတွေကို ကွန်တိန်နာပေါ်က ချနေရင်းနဲ့ နှလုံးအောင့်ပြီး မောပြီးတော့ မူမူးလဲသွားတ၊ ချွန်နမ်ပြည်နယ် ချောင်နန်မြို့ ဒန်ဂု့တက္ကသိုလ် ဆေးရုံကြီးကိုပို့တယ်၊ ဆေးကုနေရင်းဆုံးသွားတာ"ဟု ကိုရီးယားနေ မြန်မာ တစ်ဦးကဆိုသည်။
ကိုမျိုးနိုင်အေးမှာ မြင်းခြံမြို့ကဖြစ်ပြီး တောင်ကိုရီးယားသို့ ဒုတိယအကြိမ်ရောက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် (၅)နှစ်အရွယ်ကလေးတစ်ဦး၊ (၈)လသား အရွယ် ကလေးတစ်ဦးကျန်ခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #တောင်ကိုရီးယား #မြန်မာအလုပ်သမား
#YMG #Yangon _Media _Group
#Local_News
Published_ 26 April 2023
ရန်ကုန် အင်းစိန် ခုံးတံတားအောက် အမျိုးသား ၁ ဦး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးမှု ဖြစ်ပွါးခဲ့တယ်လို့ တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
အင်းစိန် ခုံးတံတားအောက်တွင် အိမ်ခြေရာမဲ့ သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်း တွေ့ရှိကြောင်း ဧပြီ ၂၅ ရက်နေ့ ညပိုင်းက တာဝန်သိပြည်သူများမှ ဆက်သွယ် အကြောင်းကြားလာလို သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
သေဆုံးနေသည့် အမျိုးသားမှာ ခန့်မှန်းအသက်-၄၀ ဝန်းကျင်ခန့်ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိသေဆုံးသူ အမျိုးသားရုပ်အလောင်း အား PR-013 နံပါတ် ဖြင့် အင်းစိန် ရင်ခွဲ ရုံ သို စနစ် တကျ ထုတ်ပိုးပို့ဆောင်ခဲ့ကြောင်း သိရသည်။


#ymg/ppk #Local_News #ရန်ကုန် #အင်းစိန်ခုံးတံတားအောက် #သေဆုံး
#YMG #Yangon-Media-Group
#Local_News
Published_ 26 April 2023
အလုပ်ခေါ်စာအသစ် တင်ခွင့်အတွက် ပိတ်သိမ်းထားခြင်း ခံထားရသော ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၃၃ ခုကို ပြန်လည်ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။
မြဝတီမြို့တွင် MoU အလုပ်သမားအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြုလုပ်ခဲ့သည့် အတွက် ပြည်ထဲရေးဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် စစ်ဆေးခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီ လ အတွင်းက Black List စာရင်းသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ဖြေလျော့ပေးခဲ့ခြင်းကြောင့် စစ်ဆေးခံခဲ့ရသည့် အေဂျင်စီ ၁၃၃ ခုထဲတွင် အေဂျင်စီ ၁၆ ခု အနေဖြင့် လာမည့် မေလ ၂ ရက်မှ စတင်ကာ နဂိုအတိုင်း အလုပ်ခေါ်စာ အသစ်များလက်ခံ၍ စာချုပ်အသစ်များချုပ်ဆိုနိုင်တော့မည်ဖြစ်ကြောင်း၊ ကျန်အေဂျင်စီ ၁၁၇ ခု အနေဖြင့် အလုပ်ခေါ်စာ အသစ်တစ်ခု စာချုပ်ချုပ်ဆိုရာ၌ ကန့်သတ်အနေဖြင့် အလုပ်သမား ၁၀၀ ဦးသာချုပ်ဆိုခွင့်ပြုကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ကိုင်နေသူများထံမှ သိရသည်။
#ymg/pl #Local_News # အေဂျင်စီ
#YMG #Yangon_Media_Group
#Local_News
Published-25 April 2023
နစကလက်ထက်တွင် ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်များတိုးမြှင့်ခွင့်ပြုပေးထားကြောင်း ဧပြီလ ၂၅ ရက်က နေပြည်တော်၌ ပြုလုပ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင် မေလဆန်းပိုင်း၌ ပထမဆုံးအကြိမ် ကျင်းပရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာညီလာခံများနည်းတူ Keynote Address များ၊ Panel Discussion များအပြင် Parallel Session နှင့်အတူ Themes, Sub-themes iPresentation ၊ အမေးအဖြေ နှင့် အကြံပြုချက် ကဏ္ဍများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်များတိုးမြှင့်ခွင့်ပြုပေးထားသည့်အပြင် ဆရာ၊ ဆရာမများ ဒေသခံများအတွက်လည်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ကျန်းမာရေးကဏ္ဍအတွက်လည်း အလားတူ ထောက်ပံ့ ပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍအတွက် ခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များကို ပြန်ကြည့် မည်ဆိုပါက ၂၀၂၁ - ၂၀၂၂ခုနှစ် (၆)လဘတ်ဂျက် BE တွင် ငွေကျပ်သန်းပေါင်း ၁၁သိန်းကျော်ခန့် နှင့် RE တွင် ငွေကျပ်သန်းပေါင်း ၁၁ သိန်း ကျော်ခန့်ခွင့် ပြုပေးထားခဲ့ကြောင်း၊ BE ၏ GDP ကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ ရာခိုင်နှုန်းနှင့် RE ၏ GDP အချိုးကိုကြည့်မည်ဆိုပါက ၁ ဒသမ ၅၅ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ - ၂၀၂၃ခုနှစ် ကို ပြန်ကြည့်မည်ဆိုပါက BEတွင် ခွင့်ပြုငွေကျပ် သန်းပေါင်း ၂၁ သိန်းကျော်နှင့် RE တွင်ငွေကျပ်သန်းပေါင်း ၂၂သိန်းကျော် တိုးမြှင့်ပေးခဲ့ကြောင်း၊ GDP ရာခိုင်နှုန်းကို ပြန်ကြည့်မည်ဆိုပါက ၁ ဒသမ ၇၃ရာ ခိုင်နှုန်း နှင့် RE တွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းအထိ ရှိပြီး၂၀၂၃ - ၂၀၂၄ ခုနှစ် BE ၏ ခွင့်ပြု ငွေကို ကြည့်မည်ဆိုပါက ငွေကျပ်သန်းပေါင်း ၂၁ ဒသမ ၈သိန်းကျော် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။
Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့သည့်အပြင် ဆရာ၊ ဆရာမများ နှင့်ပတ်သက်၍ ၂၀၂၁ အောက်တိုဘာလမှစတင်၍ ပါရဂူဘွဲ့အတွက် ငွေကျပ်သုံးသောင်း၊ မဟာဘွဲ့အတွက် ငွေကျပ် ၂သောင်းခွဲ၊ ဘွဲ့လွန်ဒီပလိုမာအတွက် ငွေကျပ်တစ်သောင်း ထောက်ပံ့ ခဲ့ပြီး ကျောင်းအလိုက် အုပ်ချုပ်မှုစရိတ်များကိုလည်း ထောက်ပံ့ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးက သိရသည်။
ညီလာခံအတွင်း ကာလတို၊ ကာလလတ်စီမံကိန်းများတွင် နောင် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် ပညာရေးရလဒ်များ နှင့် ကောင်း မွန်သည့် ပညာရေး အခြေအနေများ ရရှိစေရန် ဝိုင်းဝန်းဆွေးနွေးသွား ကြမည် ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #နစက #ပညာရေးကဏ္ဍ #ဘတ်ဂျက် #နစကဒုဥက္ကဌ
#YMG #Yangon_Media_Group
#Local_News
Published_ 26 April 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များတည် ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင် တည်ဆောက်ပြီးစီးမှု၊ အဝင်မုဒ်ဦးများ တည်ဆောက် ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များတည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင် တည်ဆောက် ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာသို့ ပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁၊၂၊၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက် ကရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက် သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာနစက ဥက္ကဋ္ဌ အမှူးပြုသည့် မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဒါယကာ၊ ဒါယိကာမများ၊ ဘုရား စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသော အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီလ ၂၇ နှင့် ဖေဖော်ဝါရီလ ၁၀ ရက် တို့တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာ ပလ္လင်တော် ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကသိရှိနိုင်ရေးအတွက် စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာ ဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူ ကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
အလားတူ ကမ္ဘာပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ယခုအခါ သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #၉၅ရာခိုင်နှုန်းပြီး
#YMG #Yangon_Media_Group










Page 1575 of 2471