#Local_News
Published 18 August 2025
▪️ ဂျာမန်ဖိနပ်ထုတ်လုပ်သူက မြန်မာ့အရပ်အရှည်ဆုံးလူသားအတွက် အထူးချုပ် ဖိနပ်တစ်ရံကို ဂျာမနီသံရုံးမှတဆင့် ယနေ့ ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတွင် အရပ်အရှည်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးသာမက ဘော်လီဘော ကစားသမားတစ်ဦးလည်းဖြစ်သည့် ကိုကောင်းညွှန့်ဝေသည် အရပ် ၂ မီတာကျော် (၇ ပေ ၁ လက်မ)ရှိပြီး ဖိနပ်ဆိုဒ် ၅၂ ဖြစ်ရာ ၎င်းအတွက် သင့်လျော် သော ဖိနပ်ကိုရှာဖွေရာတွင် မလွယ်ကူခဲ့ခြင်းကြောင့် ကိုကောင်းညွန့်ဝေအတွက် ဂျာမန်ဖိနပ်ထုတ်လုပ်သူ Georg Wessels က စိတ်ကြိုက်ပြုလုပ်ပေးထားသော ဖိနပ်အသစ်တစ်ရံကို ဂျာမနီသံရုံးမှတဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ Georg Wessels သည် ကမ္ဘာတစ်ဝှမ်းလုံးက အရပ်ရှည်သူများအတွက် အရွယ်အစားကြီးသော ဖိနပ်များကို ထုတ်လုပ်ရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရှိ အရပ်ရှည်သူများအတွက် အထူးဖိနပ်များကို ပံ့ပိုးပေးလျက်ရှိပြီး ကိုကောင်းညွန့်ဝေအတွက် ယခုအကြိမ်ပေးအပ်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times