#Local_News
Published 19 September 2025

▪️ AI ကာတွန်းပြိုင်ပွဲ ၌ မည် သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင် ကြောင်း RecyGlo Myanmar မှသိရသည် ။

▪️ အဆိုပါပြိုင်ပွဲကို RecyGlo Myanmar ကအမှိုက်များ စနစ်တကျ စွန့်ပစ်ခွဲခြားခြင်းနှင့် ပတ်သက်သည့် အသိအမြင်များ မြှင့်တင်လိုခြင်း၊လူအများ၏ ရင်ထဲသို့ အချိန်ခဏအတွင်း သုတဖြစ်စေ၊ ရသဖြစ်စေ အချက်အလက်တစ်ခုကို ရောက်စေချင်ခြင်း စသည့်အချက်များအား ရုပ်ပြကာတွန်းများမှတဆင့်လျင်မြန်စွာရောက်ရှိရန် ရည်ရွယ်ချက်နှင့်ကျင်းပခြင်းဖြစ်သည်။

▪️ စိတ်ပါဝင်စားသည့် ပြိုင်ပွဲဝင်လက်ရာများကို လာမည့် စက်တင်ဘာလ(၂၃)ရက်အထိ လက်ခံသွားမည်ဖြစ်ကာပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုကြေးငွေအပြင် Digital Achievement Certificate ကိုပါ ထည့်သွင်း ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။

▪️ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို RecyGlo Myanmar page ၌ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရသည် ။

#YMG/NN #Yangon_Times