#Local_News
Published_23 Oct 2025

‎ ▪️ နိုင်ငံတကာအဆင့်မီတက္ကသိုလ်(၂၂) ခု ပါဝင်မည့် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပမည် ဖြစ်ကြောင်း ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း AMAUT (Association of Myanmar Alumni from Universities in Thailand) က သိရသည်။

▪️ ယင်းမှာရန်ကုန်တွင် (၁၀)ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး AMAUT က ကြီးမှူး၍ ထိုင်းသံရုံး၏ ပံ့ပိုးကူညီ မှုဖြင့် လာမည့် နိုဝင်ဘာလ ၂ ရက်(တနဂ်နွေနေ့) နံနက်၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ ပြည်လမ်း ရှိNovotel Hotel Yangon ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

‎ ▪️ ပြပွဲတွင်မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စား လှယ်များထံမှသတင်းအချက်အလက်များကိုတစ်ပြိုင်နက်တည်းရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ ‎အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Assumption Unviersity ၊Bangkok University ၊ Dhurakij Pundit University (DPU)၊ Dusit Thani College၊ IRPC Technological College ၊ Kasetsart University (Faculty of Business Administration)၊ King Mongkut's University of Technology North Bangkok (KMUTNB)၊ King Mongkut’s University of Technology Thonburi (KMUTT)၊ Krirk University ၊ North Bangkok University၊ North Chiangmai University၊ Payap University ၊ Prince of Songkla University (PSU, Phuket Campus)၊Prince of Songkla University (PSU)၊ Prince of Songkla University (PSU), Faculty of Medicine၊ Raffles International College၊ Southeast Bangkok University ၊Sripatum University International College(SPUIC)၊ Stamford University၊ Thammasat Business School, Thammasat University၊Thammasat University(Faculty of Economics, PBIC & TBS)၊ University of the Thai Chamber of Commerce (UTCC) စသည့် တက္ကသိုလ်များ က တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်ကွန်ရက်များချိတ်ဆက်နိုင်မည့် ပညာရေးပြပွဲသို့ မည်သူ မဆိုဝင် ကြေးအခမဲ့ဖြင့်လာရောက်လေ့ လာနိုင်မည်ဖြစ်ကြောင်း၊‎ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ International students with O level, A level ၊တက္ကသိုလ်တက်ရောက်နေသူများ၊ မဟာဘွဲ့တက်ရောက်လိုသူများ၊ ပါရဂူ ဘွဲ့ တက်ရောက်လိုသူများအတွက် ပညာသင်ထောက်ပံ့ကြေး Scholarship ပုံစံအမျိုးမျိုးဖြင့် ပညာသင်ယူရန် လေ့လာခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

▪️ အလားတူ From Study to Success: Future-Ready Skills, Career Pathways, and Scholarship Opportunities in Thailand အကြောင်းကိုလည်း AMAUT တာဝန်ရှိသူများက‎ဆွေးနွေးသွားမည်ဖြစ် ကြောင်းသိရသည်။

#YMG/PP #Yangon_Times