#Local_News
Published 16 October 2025
■ ယနေ့ နေ့လည်ပိုင်းက ဗန်းမောက်မြို့အနီး အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
■ ယနေ့ အောက်တိုဘာ ၁၆ ရက်၊ မြန်မာစံတော်ချိန် နေ့လည် (၁)နာရီ၊ (၂၇)မိနစ်၊ (၅၉) စက္ကန့်အချိန်တွင်စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ဗန်းမောက်မြို့အနီး၌ အင်အား ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း ၊အဆိုပါ မြေငလျင်သည် ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဗန်းမောက်မြို့၏ အနောက်ဘက် (၁၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄.၄၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၅) ဒီဂရီ၊ အနက် (၁၅၉) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ ထို့အတူ ယနေ့အောက်တိုဘာ ၁၆ ရက်၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်ကလည်းမန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ အရှေ့မြောက်ဘက် (၃) မိုင်ခန့်အကွာ နေရာတွင်လည်း အနက် - ၁၀ ကီလိုမီတာမှ အင်အားပမာဏ - ၃.၈ ရစ်(ခ်)တာစကေးရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
#YMG/SW #Yangon_Times