#Local_News
Published 14 October 2025

▪️ နှစ်စဉ်ကျင်းပမြဲဖြစ်သည့်ကလောမြို့ ရိုးရာမီးရှော်တိုင်ပွဲကို နိုဝင်ဘာလ၅ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ကလောမြို့၊ ပန်းခြံအနီး မြို့လူထုကွင်း(မီးရှော်ကွင်း) အတွင်း လာမည့် နိုဝင်ဘာ(၅)ရက်မှစတင်ပြီး နိုဝင်ဘာ(၁၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုရိုးရားပွဲတွင် ဘုရားရှင်ကို မီးပူဇော်သည့်အနေဖြင့် မီးရှူးမီးပန်းမျာူအပြင် ထင်းရှူးဆီ၊ ထင်းရှူးသားများကို ဝါးနှီးခေါက်နှင့်ကျစ်ပတ်ထားသည့် အမြင့် (၂၅) ပေကျော်ရှိ မီးရှော်တိုင်ကို လူတစ်ရပ်ခန့်နက်သည့် ကျင်းထဲတွင် စိုက်ထောင်ထားပြီး မီးရှို့ပူဇော်ကြခြင်းဖြစ်ပြီး ရပ်ကွက်အလိုက် မီးထွက်အလှဆုံးမီး‌ရှောတိုင်ပြိုင်ပွဲများလည်း ပါဝင်ကြောင်းသိရသည်။

▪️ ထို့အပြင် ပွဲတော်ရက်မတိုင်ခင် တစ်ရက်အလို၌ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာယဉ်ကျေးမှု အ‌ဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းသိရသည်။

#YMG/SW #Yangon_Times