#Local_News
Published 17 September 2025
▪️ ရန်ကုန်မြို့ရှိ လသာမြို့နယ် ၊မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်၌ယနေ့မနက်အစောပိုင်းတွင် လူတစ်ဦးတိုက်ပေါ်မှပြုတ်ကျနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ စက်တင်ဘာ ၁၇ ရက်နေ့၊ မနက် ၁နာရီ၅၈ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် တိုက်ပေါ်မှ လူတစ်ဉီး ပြုတ်ကျရာမှအောက်ရှိ ဂမုန်းပွင့်အဆောက်အဦပေါ်ရှိအမိုးပေါ်သို့တင်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိ၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေယာဉ် (၁)စီး ထွက်ခွာခဲ့ကာ မနက် ၂ နာရီခွဲ အချိန်၌ ကယ်ဆယ်ပြီးစီး၍ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား လသာမြို့နယ်(၂)ရပ်ကွက်၊ (၁၇)လမ်း(အထက်)၊ ပရဟိတအသင်းမှလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times