#Local_News
Published 10 January 2025
▪️ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စင်းပေါ်မှ လူ ၁၀၀ ကျော်အား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
▪️ ယနေ့ ဇန်နဝါရီ ၁၀ ရက်၊ နံနက်အစောပိုင်းက မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအနက် လူ ၁၁၈ ဦးကို တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ရှင်လျှက်ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှေတစ်စင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေကြောင်း ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များ၏ သတင်းပေးပို့မှုအရ သိရှိခဲ့ခြင်းဖြစ်သည်။
▪️ ထို့နောက် ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၁ စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီးတို့က ဇောတိကရေနံစင်၏ အထောက်အကူပြု ရေယာဉ်များနှင့်ပူးပေါင်းကာ သွားရောက်၍ လူ ၁၁၈ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်တင်ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
▪️ အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများကို သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times