#Local_News
Published 29 January 2026

▪️ မြောက်ဦးဆရာတော်ကြီး၏ စစ်တွေမြို့ သာသနာပြုခရီးစဉ်တွင် အလှူရှင်များက လှူဒါန်းသော ဆန်နှင့်ပဲများကို စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ၊ လိုအပ်ချက်ရှိသောပြည်သူများ အိမ်ထောင်စု(၅၀၀၀)တို့ကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

▪️ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မာဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွက် ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့‌‌ကြောင်းသိရသည်။

▪️ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် မြောက်ဦးဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေး ခဲ့ကြပြီး မြောက်ဦး ဆရာတော်ကြီးမှ ဆက်လက်လှူဒါန်းမည့် ဆန်နှင့်ပဲများ ထုတ်ပိုးထားရှိမှုကို ကြည့်ရှုခဲ့ကြ‌ ကြောင်းသိရသည်။

▪️ ထို့နောက် MV- Royal Venus သင်္ဘောဖြင့် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၃၅၄၄ ဒသမ ၅ တန်တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေအိမ်သည်သင်္ဘောတွင် တည်ဆောက်ရေးသုံးငန်းများပစ္စည်းတန်ချိန် ၃၃၀၅ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာပြီး ကုန်တင်ကုန်ကျဆောင်ရွက်နေမှုကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times