#Local_News
Published 17 November 2025
■ ယနေ့ နိုဝင်ဘာလ ၁၇ရက်နှင့် ၁၈ရက်ညများတွင် ဖြစ်ပေါ်မည့် ကြယ်မိုးရွာသည့် ဖြစ်စဉ်ကို တိမ်ကင်းစင်နေပါက မြန်မာနိုင်ငံမှ မြင်တွေ့နိုင်မည်ဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) မှ သိရသည်။
■ နိုဝင်ဘာလ ၁၇ ရက်နေ့ ည နှင့် ၁၈ ရက်နေ့ မနက် အစော ပိုင်းတွင် Leonid Meteor Shower ကြယ်မိုးရွာသည့် ဖြစ်စဉ်ဖြစ်ပေါ်မည် ဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် နှစ်စဉ်တွေ့မြင်ရသည့် ကြယ်မိုးရွာသည့်ဖြစ်စဉ်များထဲတွင် ထင်ရှားသည့်ဖြစ်စဉ်တစ်ခုဖြစ်ပြီး အများဆုံး တစ်နာရီလျှင် ဥက္ကာခဲပေါင်း ၁၅-၂၀ ခန့် ကမ္ဘာ့လေထုထဲသို့ ဝင်ရောက်ကျဆင်းလေ့ရှိကြောင်း သိရသည်။
■ “ Leonids ကြယ်မိုးကို ကြည့်ရှုမယ်ဆိုပါက အလင်းရောင်နည်းပါးပြီး ကောင်းကင်ကြည်လင်တဲ့ နေရာမှာအရှေ့တောင်ဖက်ကို စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
■ Leo Constellations ရှိရာအရပ်မှ ကျဆင်းတာကြောင့် Leonid Meteor Shower လို့ခေါ်ဆိုတာဖြစ်ပါတယ်။
■ ည ၁၂ နာရီ ခန့်ကနေ မနက် နေမထွက်ခင်အချိန်အထိ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ လကွယ်နေ့ နဲ့ နီးကပ်တာကြောင့် လရောင် အနှောက်အယှက်လဲ ရှိမှာမဟုတ်ပါဘူး။” ဟု MASES မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
■ မြန်မာနိုင်ငံတွင် နေထိုင်သူများအနေဖြင့် ယနေ့ နိုဝင်ဘာ ၁၇ရက် ဖက်တွင်တိမ်ကင်းစင်နေပါက ည ၁၂နာရီ မှ မနက် ၄ နာရီ ခန့်အတွင်း အရှေ့တောင်ဖက်ကောင်းကင်ကို စောင့်မျှော်ကြည့်ရှုပါက လင်းလက်သည့် ဥက္ကာခဲကျဆင်းမှုများကို မျက်မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times