#Local_News
Published 18 September 2025

▪️ မလေးရှားနိုင်ငံ မနီလာမြို့ရှိ One Ayala Mall ၌ကျင်းပပြုလုပ်ခဲ့သည့်
အာဆီယံကော်ဖီနှင့်လက်ဖက်ရည် သံတမန်ပြပွဲ၌ မြန်မာ့ကော်ဖီနှင့်လက်ဖက်ရည်ရိုးရာယဉ်ကျေးမှုဓလေ့ကို  ဖော်ထုတ်ပြသခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။

▪️ အဆိုပါ  အာဆီယံကော်ဖီနှင့် လက်ဖက်ရည် သံတမန်ပြပွဲ (ASEAN Coffee and Tea Diplomacy နှင့် Malaysia Tourism, Arts, Culture and Food Festival 2025) ကို စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။   

▪️ ထိုပြပွဲ၌ မြန်မာ့ကော်ဖီနှင့် လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုဓလေ့ တို့ကို မြန်မာသံရုံးမှ ဖော်ထုတ်ပြနိုင်ခဲ့ကာ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်ကို မြှင့်တင်နိုင်ခဲ့ကြောင်းသိရသည်။

▪️ ထိုသို့ပြသရာတွင် မြန်မာသံရုံးအနေဖြင့် မြန်မာ့ထွက်ကုန်ဖြစ်သည့် ဉာဏ်ကြီးရှင် ရှမ်းတောင်မြင့်ကော်ဖီနှင့် Royal Myanmar Teamix တို့ကို ဈေးကွက်မိတ်ဆက်ပြသခဲ့သလို ဧည့်သည်တော်များအား မြန်မာ့လက်ဖက်ရည်ရဲ့ ထူးခြားသောအရသာကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times