#Local_News
Published 03 October 2025

▪️ ပြီးခဲ့သည့်အပတ်က တက်ရိပ်ပြလာသည့် စက်သုံးဆီ အမျိုးအစားအားလုံး ဈေးနှုန်းများကျဆင်းလာပြီး တစ်လီတာလျှင် ၃၅ကျပ်မှ ၉၀ကျပ် အတွင်းကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ယခုတစ်ပတ်အတွက်ထုတ်ပြန်ချက်အရ သိရသည်။

▪️ ထိုသို့ကျဆင်းရာတွင် 92 ဓာတ်ဆီ‌ ဈေးနှုန်းတစ်လီတာလျှင် ၉၀ကျပ် ၊95 ဓာတ်ဆီ‌ ဈေးနှုန်းတစ်လီတာလျှင် ၈၅ကျပ် အထိကျဆင်းလာကြောင်းသိရသည်။

▪️ ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် ၃၅ကျပ်နှင့်ပရီမီယမ်ဒီဇယ်ဈေးနှုန်းတစ်လီတာလျှင် ၆၀ကျပ်အထိ အသီးသီးကျဆင်းလာကြောင်း သိရသည်။

▪️ ယခုတစ်ပတ်အတွက်စက်သုံးဆီ ရည်ညွှန်းဈေးများမှာ 92တစ်လီတာလျှင် ၂ ,၈၃၀ ကျပ်၊95 တစ်လီတာလျှင် ၂,၈၉၅ကျပ် ၊ဒီဇယ်ဆီ တစ်လီတာလျှင် ၂,၅၄၅ ကျပ် ၊ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ၃,၁၁၅ ကျပ်အထိ ဈေးနှုန်းအသီးသီးရှိ‌နေ‌ကြောင်းသိရသည်။

#YMG/NN #Yangon_Times