#Local_News
Published 15 September 2025

▪️ (ရန်ကုန် - ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည်
ဖြစ်ကြောင်းကုန်သွယ်ရေးဦးစီးဌာန၏ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၅/၂၀၂၅ အရသိရသည်။

▪️ အဆိုပါထုတ်ပြန်ချက်တွင် နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန် ကော့သောင်းရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကမ်းရိုးတန်း ဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်အား ဖြည့်စွက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

▪️ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသော နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) ဖြင့် (ရန်ကုန်-ကော့သောင်း-ရနောင်း) နှင့် (ရနောင်း-ကော့သောင်း-ရန်ကုန်) သို့ ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာစနစ်ဖြင့် ဆောင်ရွက်ရမည့် စံပြုလုပ်ငန်းစဉ်ဖြင့်ဆောင်ရွက်ရာတွင် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းကိုသက်ဆိုင်ရာဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး စံပြုလုပ်ငန်းစဉ် - အပိုဒ် ၂၉ ပါ စကားရပ်ဖြင့် ဖြည့်စွက်ထုတ်ပြန်ထားမှုအား အသိပေးကြေညာထားကြောင်း သိရသည်။

#YMG/NN #Yangon_Times