#Local_News
Published  30 July  2025

▪️ တနင်္သာရီတိုင်း မြိတ်၌ ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့မှ သိရသည်။

▪️ အဆိုပါ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် တနင်္သာရီတိုင်း အစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့ကြား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြို စူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခြင်းကို  ဇူလိုင် ၂၉ ရက်က ကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍ တနင်္သာရီတိုင်းအနေဖြင့် မဟာဓာတ်အားလိုင်းရောက်ရှိခြင်းမရှိသေးသဖြင့် တိုင်းအစီအစဉ်ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း  ပြောကြားသည်။

▪️ မြိတ်မြို့တွင်ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂဝပ် ခင်းကျင်းနိုင်အောင် အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မကြာခင်ကာလ၌ ရေနက်ဆိပ်ကမ်းတွင် ၆၆၀ မဂ္ဂဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက်ထားသည်ဟုလည်း   ဆို သည်။

▪️ ယင်းသို့ ဆောင်ရွက်ထား၍ လျှပ်စစ်ဓာတ်အားထွက်ရှိလာပါက တိုင်းသို့ National  Grid မရရှိသော်လည်း တိုင်း Grid တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိမည်ဖြစ်၍ လုပ်ငန်းအား ကြိုဆိုပြီး တိုင်းအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

▪️ ထို့နောက် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့၏တာဝန်ရှိသူများက ဆိုလာနည်းပညာဖြင့် (၂၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S(MOU)အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

#YMG/NN #Yangon_Times