#Local_News
Published 11 July 2025
▪️ မုဒုံမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မျက်မှန်အမဲတပ်ထားသည့် အမျိုးသား ၁ ဦးမှ ဝင်ရောက်ပစ်ခတ်၍ ဆိုင်ရှင် ေ-သ ဆုံး ခဲ့သည့်ဖြစ်စဉ်တစ်ခု ယနေ့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။
▪️ ယနေ့ ဇူလိုင်လ ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က မုဒုံမြို့၊ မြို့မ(၄) ရပ်ကွက်မှာရှိတဲ့ ရွှေဟင်္သာဈေးအတွင်းက ဦီးပန်းလာပိုင်ဆိုင်သည့် ရွှေရတနာဦး ရတနရွှေဆိုင်ကိုဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
▪️ 'ဆိုင်ကယ်နဲ့လာပြီးတော့ သားအဖနှစ်ယောက်ကို လာပစ်ပြီးတော့ထွက်ပြေးသွားတယ်၊လူစည်တဲ့အချိန်မှာပဲ ပစ်သွားတာပါ၊ ရွှေဝယ်သူတွေရော အလုပ်သမားတွေရောရှိတယ်၊ ရွှေတွေယူသွားမသွားတော့ မသိသေးဘူး'ဟု ဒေသခံတစ်ဦးက YMG ကို ပြောသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ရွှေရတနာဦးရွှေဆိုင်ပိုင်ရှင် ဦးပန်းလာ၏ မေ့စေ့ဖောက်ဝင်ဒဏ်ရာ ရင်ဘတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ်သူဒေါ်ပပဖြိုးမှာလည်းသေနတ်ဒဏ်ရာများ ရရှိခဲ့သည့်အတွက်မုဒုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ရွှေဆိုင်ပိုင်ရှင် ဦးပန်းလာသည် မော်လမြိုင်ပြည်သူ့ဆေးရုံသည့် ပို့ဆောင်စဥ်ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ် ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times