#Local_News
Published 21 July 2025
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဥ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီး အခြေခံလက် ကားရည်ညွှန်းဈေးမှာ ယခုတစ်ပတ်တွင် အနည်းငယ်ပြန်တက်လာကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်နှစ်ပတ်ဆက်တိုက် တည်ငြိမ်နေသည့် စားအုန်းဆီလက်ကားဈေးမှာ ယခုတစ်ပတ်တွင် အနည်းငယ်ပြန်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်မှ (၂၇)ရက်အထိ တစ်ပတ်တာ ကာလအတွင်းရောင်းချရမည့် ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ကျပ်(၆,၀၅၅) ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် ဇူလိုင်လ(၇)ရက် မှ (၂၀)ရက်အထိ နှစ်ပတ်တာ ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာ (၆,၀၃၀) ကျပ်ဖြစ်ရာမှာ ယခုတစ်ပတ်တွင် တစ်ပိသာ ကျပ်(၆,၀၅၅) ဖြစ်လာသောကြောင့် တစ်ပိသာလျှင် ၂၅ကျပ်မြင့်တက်လာခြင်းဖြစ်သည်။
▪️ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times