#Local_News
Published_6 March 2025

▪️ တရုတ်နိုင်ငံသား ၄၅၆ ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ယနေ့မတ်လ ၆ ရက်တွင် စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

▪️ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသား အများစုသည် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင် ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့်ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေ ခိုင်း ခြင်းခံခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရ အများစုမှာ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး Ploen Klinpayom နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူ များထံ ပြည်နှင်လွှဲပြောင်းလက်ခံရေး ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြ ကြောင်း သိရသည်။

▪️ Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ် သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပ နိုင်ငံသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွ စွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP