#Local_News
Published 12 July 2025
▪️ ဘားအံမြို့၌ ၂၄နာရီအတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကအသိပေးထားသည်။
▪️ ယနေ့နံနက် (၇) နာရီခွဲအချိန်၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်သို့ ရောက်ရှိနေပြီး နောက် (၁) ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားခြင်းဖြစ်သည်။
▪️ ထို့ကြောင့် ဘားအံမြို့နယ်မြစ်ကမ်းအနီး နေထိုင်သူများနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုကြရန်နှင့်မြစ်ရေမြင့်တက်လာပါက
ကြိုတင်ရှောင်ရှားနိုင်ကြပါရန် နှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times