#Local_News
Published 31 July 2025

▪️ ဂျပန်၏ နွေရာသီအငွေ့အသက်များကိုခံစားနိုင်မည့် “KIRA KIRA☆ဂျပန်နွေရာသီပွဲတော်”နှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားမှုနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးနိုင်မည့် “Japan Education Fair”
တို့ပူးပေါင်းထားသည့် “Japan Culture & Education Fair” ကို သြဂုတ်လ ၂ ရက်နေ့နှင့် ၃ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ ပွဲကို The Japan Foundation, Yangon ၊ Myanmar Association of Japan Alumni (MAJA)တို့ ကကြီးမှူးကျင်းပခြင်းဖြစ်ပြီးဩဂုတ်လ၂ရက်နှငိ့၃ရက် မနက် ၁၀ နာရီ မှ ညနေ ၃ နာရီခွဲအထိ Hledan M-Tower 18th Floor၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ "ပွဲကိုလာတဲ့သူတွေကို လက်ဆောင်အဖြစ် ဂျပန်စတိုင်ယပ်တောင်များကိုလည်း ဦးရာလူစနစ်ဖြင့် ပေးသွားမှာဖြစ်ပါတယ်။ နွေရာသီရဲ့ အမှတ်တရတခုအနေနဲ့ ယပ်တောင်လေးတွေကိုင်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ဘွန်းအက ကခြင်းတို့ကိုလည်း ပြုလုပ်လို့ရပါတယ်။

▪️ ပွဲကိုလာရောက်ဖို့အတွက် ကြိုတင်စာရင်းပေးစရာမလိုတဲ့အပြင် ဝင်ကြေးလည်းအခမဲ့ဖြစ်တဲ့အတွက် မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲလို့ရပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်း၊ ဂျပန်စာသင်တန်း‌ကျောင်းက အတန်းဖော်တွေနဲ့အတူ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်"ဟု The Japan Foundation, Yangon မှ တာဝန်ရှိသူတစိဦးကပြောသည်။

▪️ ပွဲတွင် KIRA KIRA ဂျပန်နိုင်ငံ၏နွေရာသီပွဲတော်များ၌ တွေ့မြင်ဆော့ကစားလေ့ရှိသည့် ဂိမ်းအစီအစဉ်များ၊ ခန်းဂျိဘင်ဂိုဂိမ်းအစီအစဉ်၊ ကာရာတေး နှင့် ကန်ဒိုသရုပ်ပြခြင်းအစီအစဉ်၊ Yukataစမ်းဝတ်ခြင်းအစီအစဉ်၊ မဲနှိုက်ခြင်းအစီအစဉ်နှင့် အကဖျော်ဖြေတင်ဆက်မှုများစသည့် ဂျပန်ယဉ်ကျေးမှုနှင့်ထိတွေ့နိုင်သည့် အစီအစဉ်များကို စီစဉ်ထားသည့်အပြင် ဒုတိယပွဲနေ့၏ပွဲချိန်နောက်ဆုံးတွင် ပွဲကိုလာရောက်ကြသူများနှင့်အတူ ဂျပန်နိုင်ငံ၏နွေရာသီအကတခုဖြစ်သည့်“ဘွန်းအက” ကို အားလုံးအတူဆင်နွဲသွားကြမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times