#Local_News
Published 23 July 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နှစ်ရက်ဆက်တိုက် မီးလောင်မှုများဖြစ်ပွားခဲ့ပြီး Level1 အဆင့်မီးငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ပထမဖြစ်စဉ်မှာယမန်ေန့၂၂.၇.၂၀၂၅ ရက်နေ့၊ ည၆နာရီ၅၃မိနစိ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာခဲ့ပြီးနောက် ည ၇ နာရီ ၁၀ မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ဒုတိယဖြစ်စဉ်မှာ ယနေ့ နံနက် ၀၉နာရီ ၂၇ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ အမှတ်(၄)လမ်းတွင် စက်ရုံမီးလောင်မှုဖြစ်ပွားသဖြင့် မြောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တညင်းကုန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၀၉ နာရီ ၄၉ မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက်၁၀ နာရီ၀၄ မိနစ်အချိန်တွင်မီးငြိမ်းခဲ့ေကြာင်း သိရသည်။
#YMG/SW #Yangon_Times