#Local_News
Published 26 March 2025
 
▪️ ပဲခူးတိုင်းဒေသကြီး ပြည်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းအတွင်း၌ 'သနပ်ခါးအလှ မြန်မာကအစ၊ ခြင်းလုံးအစ သရေခေတ္တရာက'ခေါင်းစဥ်ဖြင့် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို မတ်၂၅ ရက်မှ ၃၁ ရက်အထိ (၇) ရက်တိုင်တိုင်ကျင်းပလျှက်ရှိကြောင်း သိရသည်။

▪️ ရိုးရာအားကစားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူး၍ ' သနပ်ခါးအလှ မြန်မာကအစ၊ ခြင်းလုံးအစသရေခေတ္တရာက' ဟူသော ခေါင်းစဥ်ဖြင့် ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပနေခြင်းဖြစ်သည်။

▪️ အဆိုပါပွဲ ပထမနေ့၌  မြန်မာ့သနပ်ခါးအလှသမိုင်း‌ကြောင်းနှင့် သနပ်ခါးပင်၏ ဆေးဘက်ဝင်ပုံအကြောင်း၊ ရိုးရာတပင်တိုင်ခြင်းအလှခတ်‌ဖျော်ဖြေမှုများ၊ သနပ်ခါးအလှလိမ်းချယ်ပြိုင်ပွဲကို ကျင်းပခဲ့ကာဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

▪️ အဆိုပါပွဲတော်ရက်အတွင်း ရိုးရာခြင်းအလှခတ်ပွဲနှင့် ပြည်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်လှပျိုဖြူများ၏ အဖွဲ့အလိုက် သနပ်ခါးလိမ်းချယ်ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို အခမဲ့ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကာ ဒေသထွက် ထုတ်ကုန်အရောင်းဆိုင်များနှင့် ပွဲဈေးဆိုင်တန်းများ၊ ချား/ရဟတ်၊ အပျော်စီးလှေနှင့် ကလေးကစားကွင်းများဖြင့် ပျော်ပွဲရွှင်ပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times