#Local_News
Published 23 April  2025

▪️ မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဘေးသင့်ခဲ့သော တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့ သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ပါ ယနေ့ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။

▪️ ထိုသို့ ကြွရောက်ရာတွင်ဧပြီလ ၂၃ ရက်နေ့၁၃၈၇-ခု တန်ခူးလပြည့်ကျော်(၁၁)ရက်နေ့တွင်  ကြွရောက်မည်ဖြစ်ပြီး ထောက်ကြံ့မြို့ ၊ဘွက်ကြီး ကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ 'မေတ္တာဓာတ်ခံယူ တရားတော်နာယူနိုင်ကြစေဖို့ ဓမ္မမိတ်ဆွေများအားလုံးတို့အား အသိပေးပါတယ်'ဟု ၎င်း ကျောင်းတိုက်က အသိပေးထားသည်။

▪️ မိုင်းဖုန်းဆရာတော်ကြီးသည်မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများပြုပြင်မွမ်းမံရန်နှင့် ငလျင်ဒဏ်သင့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများမှ ယနေ့ ဧပြီ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

▪️ ထိုသို့လှုဒါန်းရာတွင် မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း(၃၃၀)၊ ရိက္ခာထုတ် (၅၀၀)၊ ဆန်အိတ်(၂၅၀)အိတ်၊ ဆီ(၃)ပိဿာပုံး (၂၅၀)ပုံးနှင့် ဖိနပ်အရံ(၃၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

▪️ ထို့အပြင် သီတဂူဆရာတော်ကြီးသည် ဧပြီ ၂၁ ရက်နံနက်ပိုင်းကလည်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်ကြီးအား ကြည့်ရှုတော်မူခဲ့သည်။

▪️ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ ကြောင်းသိရသည်။

▪️ ထို့နောက်  နေပြည်တော်၌ ယနေ့မနက်ပိုင်းတွင် တရားဟောကြား ရေစက်သွန်းချ လျှက်ရှိရာ ရန်ကုန်သို့  အစောဆုံး ယနေ့ညနေပိုင်းတွင် ကြွရောက်နိုင်မည် ဖြစ်ကာ ညပိုင်းတွင်ထောက်ကြံ့မြို့၊ ဘွက်ကြီးကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကာ ကိုးမိုင်သျှမ်းကျောင်း တရားပွဲအပြီး ရွှေတိဂုံဘုရားသို့သွား ရောက်ဖူးမျှော်နိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times