#Local_News
Published 5 April 2025

▪️ မတ်လ၂၈ရက်တွင်ဖြစ်ပွါးခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၌ ပြည်တွင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

▪️ ထို့သို့ ပြန်လည်ပျံသန်းပြေးဆွဲရာတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၄ ရက် မနက် ၆ နာရီမှ စတင်၍လည်းကောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၅ ရက် မနက် ၆ နာရီမှ စတင်၍ လည်းကောင်း ပြည်တွင်းလေကြောင်းခရီးစဉ်များကို စတင်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ငလျင်ဘေးဒဏ်ကြောင့် လေဆိပ်များ၌ လေယာဉ်ဆင်းသက်ပျံသန်းမှုများအား ယာယီ ရပ်နားထားခဲ့ရာ လေကြောင်းလိုင်းများကလည်း လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းကာ ခရီးစဉ်များရပ်နားထားခဲ့ခြင်းဖြစ်သည်။

#YMG/SW #Yangon_Times