#Local_News
Published 14 June  2025

▪️ ကိုဗစ်ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အုပ်စုများကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရန်ကုန်မြို့ရှိမြို့နယ် အချို့၌ စာရင်းများ စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

▪️ 'ထိုးနှံလိုသူတွေစာရင်းကောက်ပေးပါဆိုလို့  ကျွန်တော်တို့ စကောက်ပေးနေတာပါ၊ ဘယ်နေ့ ထိုးနှံရမလဲ ဆိုတာ‌တော့ မသိသေးပါဘူး၊ အကြောင်းပြန်ကြား‌ပေးပါ့မယ်' ဟု တာမွေမြို့နယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

▪️ ထိုသို့စာရင်းကောက်ယူရာတွင် ထိုးနှံလိုသူအမည်နှင့် ဖုန်းနံပါတ်အား ရေးသွင်းရပြီး ကာကွယ်ဆေးထိုးနှံရမည့်နေ့ရက်အားပြန်လည်အကြောင်းကြား
ပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက် ၆၀ နှစ်နှင့် မျက်နှာ အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် ကာလသုံးလနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူကြရန် ကျန်းမာရေး ဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

▪️ အဆိုပါအသက်အရွယ် အုပ်စုများအနေ ဖြင့် ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားရန် လိုအပ် ခြင်းကြောင့် နီးစပ်ရာကျန်းမာရေးဌာနများတွင်  ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်သည်။

▪️ ပြီးခဲ့သည့်  ဇွန်လ ၁ ရက်ည ၈ နာရီမှ ဇွန်လ ၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၁၅၄ ခု စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦးတွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

▪️ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးမှု မရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေနဲ့ တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်သည့် အပြင် ပြည်သူများအနေဖြင့် တစ်ကိုယ်ရေကျန်းမာရေး အလေ့အထကောင်းများကို စနစ်တကျမပျက်မကွက် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

#YMG/NN #Yangon_Times