#Local_News
Published 10July 2025

▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို SCADA System ဖြင့် စနစ်တကျထိန်းချုပ်ကြပ်မတ်နေကြောင်း သိရသည်။

▪️ အဆိုပါ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်တွင် SCADA System ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း AMI Meter များရှိ System Data များထံမှ လက်ခံရရှိသော ဓာတ်အားသုံးစွဲနေမှုများကို စနစ်တကျထိန်းချုပ်ကြပ်မတ်နေမှု၊ AMI Control Center တွင် တရားမဝင်ဓာတ်အားသုံးစွဲနေမှုများ စစ်ဆေးဖော်ထုတ်နေမှုများကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဇူလိုင် ၈ရက်နေ့တွင်
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းရုံးချုပ် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့သည် စီးပွားရေးမြို့နှင့် စက်မှုဇုန်လုပ်ငန်းများများစွာရှိနေပြီး လူနေထူထပ်သည့် မြို့ဖြစ်သည့်အတွက် ဓာတ်အားဖြန့်ဖြူးပေးနေမှုများ ဆောင်ရွက်ရာတွင် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးမှုများကို လျှပ်စစ်ပုံစံများ အထောက်အထားပြု ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times