#Local_News
Published 10July  2025

▪️ မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးအား မွေးဖွားပြီး တစ်နှစ်အတွင်းမှတ်ပုံတင်ရန် လိုအပ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင် မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

▪️ ထိုသို့ မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ မွေးဖွားပြီး တစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဦးစွာလျှောက်ထားဆောင်ရွက်ရမည်ဖြစ်သည်။

▪️ အဆိုပါကဲ့သို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများဖြစ်ရန်လိုအပ်ပြီး အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားသို့ ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

▪️ ထို့အတူ နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့ကြောင့်  ကလေးမွေးဖွား ကြောင်းမှတ်ပုံတင်ခြင်းအတွက် လိုအပ်သည့်အထောက်အထားများနှင့် စာရွက်စာတမ်းများကို သိရှိနိုင်ရန်လည်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန် အသိပေးဖော်ပြထားသည်။

#YMG/NN #Yangon_Times