#Local_News
Published 28 March 2025

▪️ ယနေ့မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးကျုံးမြို့ရိုး အဝင်မုဒ်ဦးနှင့် မဟာမြတ်မုနိဘုရား ‌စောင်းတန်းများ ပြိုကျပျက်စီးခဲ့ပြီး အခြားသာသနာ့ အဆောက်အအုံများ၊ ဗလီများ၊ ဟိုတယ်များနှင့် လူနေအဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

▪️ ထို့ပြင် မန္တလေးတက္ကသိုလ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း ပြိုကျပျက်စီးမှုများရှိခဲ့ကြောင်း၊ ဗလီပြိုကျမှုတွင်လည်း ဝတ်ပြုချိန်ဖြစ်သောကြောင့် လူအသေအပျောက်ရှိများရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါငလျင်လှုပ်ခတ်မှု‌မှာ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘဂ်လားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့တွင် လှုပ်ခတ်ခဲ့ပြီး အပျက်အစီးများရှိခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times