#Local_News
Published 26 March 2025
▪️ ညောင်ဦးမြို့ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးတည်ထားကိုးကွယ်ခဲ့သော မနုဟာဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဖြစ်ကြောင်း မနုဟာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
▪️ ထိုသို့ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် မနုဟာဘုရားကြီး ထီးတော်နှင့်အရံစေတီများကိုကပ်လှူပူဇော်သွားမည် ဖြစ်ရာမနုဟာဘုရားကြီး ထီတော်နှင့်အရံစေတီ ၂၇ ဆူရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မင်းညိုက မနုဟာဘုရားကြီးရွှေသင်္ကန်း မကပ်လှူမှီ ရွှေမိုက်ထုတ်လေမိုက်တင်ဒါခေါ်ယူနိုင်ရေး လေလံစည်းကမ်းချက်များနှင့်အညီ နိုင်ငံပိုင်သတင်းစာများတွင် လေလံစည်းကမ်းချက်များနှင့် အညီခေါ်ယူနိုင်ရေးနှင့်သတ်မှတ်ရက် အတွင်းပြီးစီးနိုင်ရေး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times