#Local_News
Published_8 July 2025

▪️ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နှင့် ယုဇနရပ်ကွက် အတွင်းရှိ နေအိမ်များ အသံမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

▪️ ယနေ့ ဇူလိုင်လ ၇ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေါ်ဒွဲဘူ၏နေအိမ်ကိုလည်း ကောင်း၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ယုဇနရပ်ကွက်အတွင်းရှိ ဦးတူးဂျာ ၏ နေအိမ်ကို လည်းကောင်း အကြမ်းဖက်သမားများက အသံမိုင်းများဖြင့် လာရောက် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များရှိ ပြတင်းတံခါး မှန်များ အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

▪️ အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့သည့် အကြမ်းဖက် သမားများနှင့် ပါဝင်ပတ်သက် သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP