#Local_News
Published 26 March 2025

▪️ ယနေ့နံနက်အစောပိုင်းက ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ၆ ဘီးကားနှင့် Express ယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

▪️ မတ်လ ၂၆ ရက် နံနက် ၀၃ နာရီ ၁၀ မိနစ်အချိန်ခန့်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် ဘောနီအမြန်လမ်းနယ်မြေမီးသတ်စခန်းနှင့် ဉသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

▪️ အဆိုပါယာဉ်တိုက်မှုကြောင့် PK Express ယာဉ်ပေါ်ပါ ကျား(၃)ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် (၆)ဘီးကုန်ကားယာဉ်ပေါ်ပါ ကျား(၁)ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား စေတနာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times