#Local_News
Published_23 April 2025

▪️ အွန်လိုင်းလိမ်လည်မှု နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား ထပ်မံ ပြည်နှင်ခဲ့ရာ ဧပြီလ ၂၂ ရက် က ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးနှင့် ရဝမ်ဒါ နိုင်ငံသား ၁၀ ဦး၊ စုစုပေါင်းဦးရေ ၂၀ ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ ပြည်နှင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

▪️ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံဆိုင်ရာ၊ ဖိလစ်ပိုင်သံရုံး Attache and Assistance to Nationals Officer Ms. Musetar Cabrito Moso ໐ ရဝမ်ဒါသမ္မတနိုင်ငံသံရုံးမှ First Counsellor Mr. Bonny Musefano နှင့် တာဝန်ရှိ သူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ မှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

▪️ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာ သည့် ပြည်ပနိုင် ငံသား စုစုပေါင်း ၉၀၃၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၇၃၀၈ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက် ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၇၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

#Yangon_Times/PP