#Local_News
Published 20 March 2025
▪️ယခုလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုပိုမိုများပြားလာကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ပြီးခဲ့သည့်ပိတ်ရက်ရှည်ကာလအတွင်းက တစ်ရက်လျှင် ခရီးသွားဧည့်သည် ၂၀၀၀ကျော်ဝန်းကျင်သာဝင်ရောက်ခဲ့သော်လည်းယင်းနောက်ပိုင်းမှ စတင်၍ တစ်ဖြည်းဖြည်းဆက်လက်များပြားလာကာ တစ်ရက်လျှင်ခရီးသွားဦးရေ ၂၈၀၀ ခန့်
ဝင်ရောက်နေကြောင်း သိရသည်။
▪️ငွေဆောင်ကမ်းခြေသည် ရေ ပိုမိုကြည်လင်သည့်အပြင် ချစ်သူများကျွန်း၊ မြွေကျွန်း၊ ငွေဆောင် ညဈေးတန်း စသည့် နေရာများသို့လည်း သွားရောက်လည်ပတ်နိုင်သကဲ့သည့်အတွက် ပြည်တွင်း၊ပြည်ပခရီးသွားများဝင်ရောက်မှုများပြားလေ့ရှိကြောင်း သိရသည်။
▪️အဆိုပါ ကမ်းခြေ၌ ခရီးသွားဧည့်သည်များတည်းခိုရန် ဟိုတယ်ပေါင်း ၃၄ လုံးဖြင့်ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
#YMG/NN #Yangon_Times