#Local_News
Published_21 May 2025

▪️ မန္တလေးငလျင်ကြီးကြောင့် MSME လုပ်ငန်းများ ထိခိုက်မှုရှိခဲ့၍ လုပ်ငန်းပြန်လည်ပတ်နိုင်ရန်အစိုးရကကူညီနေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

▪️ ငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည် နယ်တို့၌ MSME လုပ်ငန်းများ ထိခိုက်မှုရှိခဲ့ကြောင်း မေလ ၂၁ ရက်တွင်ပြုလုပ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရ အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့တွင် နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

▪️ မြန်မာနိုင်င့တွင် ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် MSME လုပ်ငန်းပေါင်း ၈ သောင်းကျော်ရှိပြီး ၄၃၀၀ ကျော်ကို SME Member ကတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ အဆိုပါ MSME လုပ်ငန်းများတွင် လုပ်သားဦးရေ ၄၆၄၀၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP